ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁ ရက် ဂျပန်သွားမည်
DVB
·
October 30, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်မှာ ဂျပန်ကို ချစ်ကြည်ရေးခရီးသွားရောက် မယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပြင် အခြား တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ လာအိုနိုင်ငံမှာလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်း သီခြားတွေ့ဆုံဆွေးနွေးခဲ့ကြဖူးပြီး ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စတွေမှာ ဂျပန်က အပြည့်အ၀ ထောက်ခံကူညီသွား မယ်လို့ ပြောကြားထားပါတယ်။