Monday, May 29, 2023
HomeLead Storyနတ်ရွာစံ ထိုင်းဘုရင်ကြီးကို ထိုင်းပြည်သူများ ပထမဆုံး ဂါရဝပြုခွင့်ရ

နတ်ရွာစံ ထိုင်းဘုရင်ကြီးကို ထိုင်းပြည်သူများ ပထမဆုံး ဂါရဝပြုခွင့်ရ

ဘုရင့်နန်းတော် ခန်းမဆောင်မှာ ထားရှိတဲ့ ကံတော်ကုန်ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်အလောင်းအား အောက်တိုဘာ ၂၉ ရက်နေ့က  ပြည်သူတွေကို ပထမဆုံး စတင်ဝင်ရောက် ဂါရဝပြုခွင့် ပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းကတည်းက စောင့်ဆိုင်းနေကြတဲ့ ထိုင်းပြည်သူတွေထဲ ပထမဦးဆုံးအုပ်စုကို ဒီနေ့မနက် စတင်ဝင်ရောက် ဂါရ၀ပြုခွင့်ပေးခဲ့တာပါ။

နန်းတော်ခမ်းမထဲမှာ ထားရှိတဲ့ ဘုရင့်ရုပ်အလောင်းတော်ကို လူထုအနေနဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဂါရဝပြုနိုင်မယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပြီး အခုလို စတင်ဂါရဝပြုခွင့် ပေးတာလို့လည်း သိရပါတယ်။

ဘုရင့်နန်ုးတော်ခန်းမအတွင်း ဝင်ရောက်ပြီး ဂါရဝပြုခွင့်ရဖို့ ပြည်သူတွေဟာ အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းကတည်းက ယာယီတဲတွေထိုးပြီး စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ – နေးရှင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular