DVB Logo
Home
မြန်မာသတင်း
ယုဝတီခရစ်ယာန်အသင်း အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် သတ်မှတ်
DVB
·
October 29, 2016
ယုဝတီခရစ်ယာန်အသင်း အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် သတ်မှတ်
Donate to DVB

၁၉၀၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ယုဝတီခရစ်ယာန်အသင်း အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ် ၁၅ ခုမြောက် အဆောက်အအုံအဖြစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင် သတ်မှတ်လိုက်ပါတယ်။

ယုဝတီ ခရစ်ယာန်အသင်း အဆောက်အအုံဟာ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းမှာ တည်ရှိတာ ဖြစ်ပြီး အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့မှာ တပ်ဆင်ပေးခဲ့တာပါ။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က “ထူးခြားတဲ့ အဆောက်အအုံလည်း ဖြစ်ရမယ်။ နောက်ပြီးတော့ မြင်သာထင်သာတဲ့ နေရာတွေမှာ ရှိတယ်ဆိုရင် ဦးစားပေးပေါ့လေ” လို့ ပြောပါတယ်။

ယုဝတီ ခရစ်ယာန်အသင်း အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်လိုက်ပြီဖြစ်တဲ့အတွက် အဆောက်အအုံနဲ့ ဆက်စပ်နေတဲ့ သမိုင်းဝင်အဖြစ်အပျက်တွေကို ဖော်ပြနိုင်မှာပါ။

ဒါ့အပြင် နိုင်ငံခြားခရီးသွားတွေအနေနဲ့လည်း သမိုင်းဝင်အချက်အလက်တွေနဲ့ ယုဝတီ ခရစ်ယာန်အသင်းရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ယုဝတီခရစ်ယာန်အသင်း ဥက္ကဋ္ဌ ဒေါ်မေတင်ဦးက “အပြာရောင်ကမ္ပည်းပြား တပ်ဆင်လိုက်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေကတော့ ကျမတို့ရဲ့ရန်ကုန်မြို့ကို လာတဲ့အခါမှာ ဒီလိုမျိုး တံဆိပ်ကပ်ထားတဲ့ အဆောက်အဦတွေကို လာပြီးကြည့်ရှုမယ်ဆိုရင် ကျမတို့ရဲ့ YWCA ကို လာကြပါလို့။ ကျမတို့ရဲ့ လုပ်ငန်းတွေကိုလည်း သူတို့ သိလာမှာ” လို့ ပြောပါတယ်။

အပြာရောင်ကမ္ပည်းတွေ တပ်ဆင်လိုက်တဲ့အတွက် ရန်ကုန်မြို့သမိုင်းကို နယ်ပယ်အသီးသီးက အသက်အရွယ်မရွေး တိုက်ရိုက်ထိတွေ့လေ့လာနိုင်မယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အသိအမှတ်ပြု ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို မြို့တော်ခန်းမ အဆောက်အအုံမှာ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013