DVB Logo
Home
မြန်မာသတင်း
မိသားစု ​၇၀ ကို စည်ပင်က အဓမ္မပြောင်းရွှေ့ခိုင်း
DVB
·
November 4, 2011
မိသားစု ​၇၀ ကို စည်ပင်က အဓမ္မပြောင်းရွှေ့ခိုင်း
1 / 4
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ ၁၅ နှစ်နီးပါးကြာ ဖွင့်ထားတဲ့  ညဈေးတန်းက ဆိုင်ခန်း ၃၀ ကို မြို့နယ်စည်ပင်က အတင်းဖျက်ခိုင်းနေတာကြောင့် အနည်းဆုံး မိသားစုဝင် ၇၀ လောက် ပြောင်းရွှေ့ခံရဖို့ ရှိနေပါတယ်။

သစ်​သား​ဆိုင်​ခန်း​များ

ပြည်မြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ လမ်းမတော်လမ်းမကြီးနဲ့ ဗိုလ်ချုပ်လမ်းမကြီး​ အနောက်ဘက်​ ​လမ်းသွယ် ဈေးတန်းမှာနေကြတဲ့ မိသားစုတွေကို​ တ​ခြား ​နေရာ​ပြောင်းနေကြဖို့ မြို့နယ်စည်ပင်က လွန်ခဲ့တဲ့ တလက​ အကြောင်းကြား​ခဲ့​တာလို့ ​ဈေးသည်တဦးက ပြောပါတယ်။

“အရင်က စည်းကမ်းကတော့ လူမနေရဘူးပေါ့ဗျာ။ ဒါပေမယ့် ၁၅ နှစ်လောက်ရှိနေပြီ လူနေတာက။ အဲဒါကို အခုမှ လူမနေရဘူး။ ဒီဆိုင်ခန်းတွေကို လူနေမှာစိုးလို့ ဖျက်ပစ်လိုက်ပြီး​​တော့​​ဈေးရောင်းဖို့​​ ​နေရာတော့ ပြန်ပေးမယ်ပေါ့။ အဲလိုမျိုး ကျနော်တို့ကို ပြောပါတယ်။ အဲဒီအဆောက်အဦ​ ဖျက်ပစ်လိုက်တဲ့ ​နေရာကိုပဲ​ ​ပြန်ပေးမှာလို့ ပြောတယ်။ မဖယ်ပေးဘူးလို့ ကျနော်တို့ မပြောပါဘူး။ ဖယ်ပေးမယ်။ ဒါပေမယ့် ကျနော်တို့အတွက် ပြောင်းတာရွှေ့တာလေးကို အချိန်လေးတခုကိုပဲ ၆ လ​သော်လည်းကောင်းပေါ့ တောင်းချင်တာပါ။ အဲဒါကို သူတို့က လက်သင့်မခံဘူး။ ”

အဲဒီ ညဈေးမှာ အစားအသောက်နဲ့ ကုန်စိမ်းတွေရောင်းတဲ့  ဆိုင်ခန်းတွဲပေါင်း  ၃၀ ရှိကာ စည်ပင်ကို လစဉ် ငွေကျပ်​ ၆,၀၀၀ ​ပေးပြီး ​ဈေးရောင်းနေတာ​လို့​​ ​ဈေးသည်တွေက ​ပြောပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့​ တလကတော့​ မြို့နယ်​ စည်ပင်က သစ်သား ဆိုင်ခန်းတွေကို ဖျက်ပြီး ညနေ ၄ နာရီကနေ ၁၀ နာရီအတွင်းမှာ ထီးမိုး​​ရောင်းကြဖို့၊​​ ​ပြောင်းဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဈေးသည်တွေ​ ဘက်ကတော့ ဆိုင်ခန်းကို ဖျက်လိုက်ရင် နေစရာနေရာ ရှာရမှာဖြစ်ဖို့ အနည်းဆုံးအချိန် ၆ လလောက်ပေးဖို့  သမ္မတနဲ့ မြို့နယ်စည်ပင်ကို အသနားခံ ထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

“တော်တော်လေး အဆင်မပြေ ဖြစ်နေတာပါ။ အဖွားကြီးတွေဆိုရင်​​ ပိန်လိန်ပြီး​ ​ခြောက်ကပ်နေတာပဲ။ စာထုတ်ပြီးကတည်းက မစားနိုင် မအိပ်နိုင် တော်တော်လေး စိတ်ဆင်းရဲ ရောက်နေကြတယ်။ စားစရာ မရှိရတဲ့အထဲ နေစရာပါ ပျောက်တယ် ဆိုတော့ သူ့တို့မှာ တော်တော် ဒုက္ခရောက်နေတယ်။”
ဈေး​ဆိုင်​တန်း​တွင်​ ​နေ​ထိုင်​သည့်​​ ​အဖွား​အို​တဦး

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ဒီဗွီဘီက မြို့နယ်စည်ပင်ကို ၃ ရက်ဆက်တိုက် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေကြားသူက တာဝန်ရှိသူတွေ လူကြီး လမ်းကြောင်းလိုက်သွားလို့ တာဝန်ခံဖြေကြားမယ့်သူ မရှိဘူးလို့ ဖြေပါတယ်။

လောလောဆယ်မှာ ညဈေးတန်းက မိသားစုတွေက နေ့ဖျက်မလား၊ ညဖျက်မလား စိုးရိမ်သောက ရောက်နေရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013