ဂျပန်မလေးများ ၀ိုင်းဝိုင်းလည်နေသည့် မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း (ရုပ်သံ)
ဇော်ဇော်လှိုင်
·
October 28, 2016

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းစည်းကမ်းနဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ Lethwei GP in Japan 2016 လက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ဘက် သြစတြေးလျ လက်ဝှေ့သမား ကိုအလဲထိုးအနိုင်ရသွားတဲ့ မြန်မာ့လက်ဝှေ့ ချန်ပီယံထွန်းထွန်းမင်းကို ဂျပန်မလေးတွေက ပွဲပြီးမှာ လာရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။
မနေ့ညက ကျင်းပတဲ့ ဒီလက်ဝှေ့ပွဲကို မြန်မာ့ လက်ဝှေ့ကို စိတ်ပါဝင်စားင်တဲ့ ဂျပန် အမျိုးသမီး ပရိတ်သတ်တွေအပါအ၀င် ဂျပန်လူမျိုး အများအပြား ရုံပြည့်လာရောက်ကြည့်ရှု အားပေးခဲ့ကြတာ ဖြစ်ပါတယ်။