မြန်မာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ ပထမဆုံးအကြိမ်တွေ့ရှိ
DVB
·
October 28, 2016
ရန်ကုန်မြို့မှာ ဇီကာရောဂါဖြစ်ပွားနေတဲ့ နိုင်ငံခြားသူတဦးကို တွေ့ရှိထားကြောင်း အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အသက် ၃၂ အရွယ်ရှိ ကိုယ်ဝန်ဆောင် နိုင်ငံခြားသူအမျိုးသမီးကို ရန်ကုန်မြို့မှာ တွေ့ရှိပြီးနောက် သူ့ကို လိုအပ်တဲ့ဓာတ်ခွဲစမ်းသပ်တာတွေ လုပ်ဆောင်ရာမှာ ဇီကာရောဂါလို့ အတည်ပြု နိုင်ခဲ့တာပါ။
ဒါဟာ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှု ပထမဆုံးအကြိမ်တွေ့ရတာဖြစ်ပြီး သူဟာ ဘယ်နိုင်ငံကလာပြီး၊ သူ့ကို ဘယ်လိုတွေ့ရှိတာလဲဆိုတာတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။
ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လိုအပ်တဲ့ရောဂါထိန်းချုပ်ရေးတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။