DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ရှေ့နှစ်ဇန်န၀ါရီလအပြီးရေးဆွဲမည်
DVB
·
October 27, 2016
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ရှေ့နှစ်ဇန်န၀ါရီလအပြီးရေးဆွဲမည်
Donate to DVB

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပတ်သက်တဲ့ နည်းဥပဒေကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန် အပြီးရေးဆွဲသွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦးကပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ကပြုလုပ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ပတ်သက်ပြီး နည်းဥပဒေတွေဆက် လက်ရေးဆွဲဖို့ ပထမဆုံးအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ ပြောတာဖြစ်ပါတယ်။

“လျာထားချက်အရ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန်လောက်မှာ နည်းဥပဒေလုပ်ငန်းတွေ အားလုံးပြီးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒါပြီး နည်းဥပဒေထုတ်ပြန်ပြီးတဲ့အခါမှာ လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ဆက်လက်ထုတ်ပြန်ဖို့ ရှိပါလိမ့်မယ်။ ပြီးရင် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ဖို့ ရှိပါလိမ့်မယ်။ ထုတ်ပြန်တဲ့ဟာ အားလုံးက ၂၀၁၇ မတ်လ မကုန်ခင် အပြီးဆောင်ရွက်ပါမယ်။ ရည်ရွယ်ချက်ကတော့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ပေါ့ အတိအကျပြောရရင်တော့ ၂၀၁၇ ဧပြီလကစပြီး ဥပဒေသစ်၊ နည်းဥပဒေသစ်၊ လုပ်ထုံးလုပ်နည်းသစ်တွေနဲ့ ကျင့်သုံးဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။” လို့ ဦး အောင်နိုင်ဦးကပြောပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း နိုင်ငံခြားသားနဲ့ နိုင်ငံသားတွေအတွက် နှစ်ဖက်မျှပြီး ရေးဆွဲထားတာ ကြောင့် နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်(MIC) အနေနဲ့ တင်လာတဲ့ အဆိုပြုလွှာအားလုံးကို အသေးစိတ်စိစစ်ပြီး ခွင့်ပြုတာဖြစ်ပေမယ့် နည်းဥပဒေထွက်လာရင်တော့ MIC အနေနဲ့ ဥပဒေအရ မဖြစ်မနေကိုင်ရမယ့် လုပ်ငန်းတွေကိုပဲ ကိုင်တွယ်ပြီး ကျန်တဲ့လုပ်ငန်းတွေအားလုံးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်၊ ဆုံဖြတ်ပိုင်ခွင့်တွေ လွှဲပြောင်းပေးသွားမှာဖြစ်လို့ MIC ရဲ့ အခန်းကဏ္ဍက လျော့နည်းသွားမယ့် အနေအထားရှိတယ်လို့ ဦးအောင်နိုင် ဦးက ပြောပါတယ်။

“ဥပဒေရဲ့ ပုဒ်မ ၃၆ နဲ့ ၄၂ တွေမှာအတိအကျပါပါတယ်။ ဘယ်လုပ်ငန်းတွေဆိုရင် အစိုးရကပဲ လုပ်မယ်။ ဘယ် သူ့ကိုမှ ခွင့်မပြုဘူး။ ဘယ်လုပ်ငန်းတွေဆိုရင် နိုင်ငံခြားသားတွေကို မပေးဘူး၊ နိုင်ငံသားတွေကိုပဲ ပေးမယ်။ ဘယ်လုပ်ငန်းတွေဆိုရင် ပေးတော့ ပေးမယ်။ သို့သော် ဖက်စပ်လုပ်ရမယ် စသဖြင့် ကန့်သတ်ထားတာတွေရှိတယ်။ နောက်တခုက လုပ်ငန်းပေးတဲ့အပိုင်းမှာ ဘယ်လုပ်ငန်းဆို MIC တင်ဖို့လိုတယ်။ ဘယ်လုပ်ငန်းဆိုရင် တော့ မလိုဘူး စသဖြင့် ပါပါတယ်။ ဒါကြောင့် ခွင့်ပြုတဲ့ အပိုင်းမှာ MIC ကို မဖြစ်မနေ တင်ဖို့ လိုတဲ့အပိုင်းပဲ ဥပဒေအရ တင်ခိုင်းပြီး ကျန်တာအားလုံးက MIC တင်စရာမလိုဘဲ လုပ်ပေးတာပေါ့။ MIC ကအတည်ပြုပေးတဲ့ လုပ်ငန်းပါပါတယ်။ ဒီလုပ်ငန်းက တိုင်းဒေသကြီး ပြည်နယ်အစိုးရကို သွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီး ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ဖတ်လိုက်ရင် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အနေနဲ့ ဘယ်ဟာတွေကို ခွင့်ပြုလို့ ရတယ်။ ဘယ်ဟာတွေကို ခွင့်ပြုလို့ မရဘူး။ ဘယ်ဟာကို ဖက်စပ်ပဲ ခွင့်ပြုလို့ရမယ် ဆိုတာ တိုင်းဒေသကြီးအစိုးရသိပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို သမ္မတ ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်ကမှ  လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013