DVB Logo
Home
မြန်မာသတင်း
တရားမဝင် နွားမှောင်ခိုကားများ ဖမ်းမိ
DVB
·
October 27, 2016
တရားမဝင် နွားမှောင်ခိုကားများ ဖမ်းမိ
Donate to DVB

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် တရားမဝင် နွားတွေ တင်ဆောင်လာတဲ့ ၆ဘီးယာဉ် ၂ စီးကို အောက်တိုဘာ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်က ဖမ်းဆီးခဲ့ပါတယ်။

ချောက်မြို့ အနော်ရထာတံတားမှ နွားကား ၂ စီး ဖြတ်မယ့် သတင်းအရ နွားတွေတရားမဝင် သယ်ဆောင်လာတဲ့ ကား ၂ စီးကို အမှတ်(၄) လွတ်လပ်ရေးရပ်ကွက်မှာ တွေ့ရှိပြီး ချောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ယာဉ်မောင်း စိုးလင်းအောင် မောင်းနှင်ပြီး မလှလှဆင့် လိုက်ပါလာတဲ့ ၆ ဘီးကားပေါ်မှာ နွားကောင်ရေ ၁၄ ကောင်နဲ့ နေထက်လင်း မောင်းနှင်ပြီး ကျော်ထွန်းနိုင် လိုက်ပါလာတဲ့ ၆ ဘီးကားပေါ်မှာ နွားကောင်ရေ ၁၂ ကောင်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

နွားတွေကို တနေရာမှတနေရာ နယ်မြေကျော် သယ်ယူပို့ဆောင်ရာမှာ သတ်မှတ် စည်းကမ်းချက်တွေကို ပါဝင်ပြသနိုင်တာ မရှိတဲ့အတွက် နွားတွေ တရားမဝင် သယ်ဆောင်လာတဲ့  ယာဉ်မောင်း စိုးလင်းအောင်၊ နေထက်လင်းနဲ့ နွားထိန်း ကျော်ထွန်းနိုင်၊  ရောင်းဝယ်သူ မလှလှဆင့် တို့ကို (ပ)၈၉၇/၂၀၁၆၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု၊ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့ ချောက်မြို့နယ် ရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013