DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဖမ်းဆီးရုံးထုတ်
DVB
·
October 27, 2016
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဖမ်းဆီးရုံးထုတ်
Donate to DVB

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅(က) အကြည်ညိုပျက်စေမှုနဲ့ မနေ့ညနေက ဖမ်းဆီးခဲ့ပြီး ဒီကနေ့ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးပါတယ်။

ကိုထင်ကျော်ကို ဖမ်းဆီးတရားစွဲကိုတာနဲ့ပတ်သက်လို့ MDCF ပြောခွင့်ရ ကိုကျော်လွင် က “ဘယ်လိုအမှုနဲ့ တရားစွဲခံရလဲဆိုတော့ ၂၁ ရက်နေ့က မြောက်ဥက္ကလာပ တရားရုံးမှာ သူ့ရဲ့ အမှုကို ရန်ကင်းတရားရုံးကို ပြောင်းတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကိုထင်ကျော်က တရားရုံးက စစ်လည်း မစစ်ဘဲနဲ့ အမှုကလည်း ၂၀၀၃ ကတည်းကဖြစ်နေတာ။ အဲဒီအမှုကို တရားရုံးပြောင်းတော့ ကိုထင်ကျော်က မကျေနပ်ဘဲ နဂိုတုန်းက သူရခဲ့တဲ့အကြောင်းအရာတွေ ဒီဗိုလ်ချုပ်တွေက လူမျိုးရေး ဘာသာရေးအဓိကရုံးတွေကို ဖန်တီးခဲ့တာ ရွှေတိဂုံဘုရားကို ဗုံးဖောက်ခွဲတဲ့ အဲဒါမျိုးလုပ်ဖို့အတွက် ကြံစည်ခဲ့တာတွေကို ကိုထင်ကျော်ကနေပြီးတော့ မောထ (ခေါ်)စောမြင့်လွင်နဲ့တွေ့ရှိပြီးတော့ စောမြင့်လွင်ကနေပြီး ကိုထင်ကျော်ကို လက်မှတ်ရေးထိုး လက်ဗွေနှိပ်ပြီးတော့ ဒီအမှုတွေမှာ ဗိုလ်ချုပ်ဝင်းမြင့်ရဲ့သား သူဌေးကြီးစိုးမြင့်အောင် ပါဝင် ပတ်သက်နေတယ်လို့ အဲလိုပြောတယ်ခင်ဗျာ။ အဲဒါတွေကို ကိုထင်ကျော်က ဖော်ထုတ်တဲ့ အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေပြီးတော့ ပုဒ်မ ၅၀၅ (က)နဲ ဒုတိယ ဗိုလ်မှူးကြီးတယောက် နေပြီးတော့ တရားစွဲဆိုထားတယ်”လို့ပြောပါတယ်။

လွန်ခဲ့တဲ့၂၀၁၃ ခုနှစ်က နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ကိုထင်ကျော်က တရားစွဲဆိုထားအမှုကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမှုပိတ်သိမ်းခိုင်း တဲ့အတွက် ကိုထင်ကျော်က တရားရုံးရှေ့မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013