မန်ယူအသင်းပြိုင်ဘက် မန်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တဆင့်တက် (ရုပ်သံ)

4.6K
မနေ့ညက ကန်သွားတဲ့ အင်္ဂလန်လိဂ်ဖလား ဘောလုံးပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်သင်းက မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ၁ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တဆင့် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
မန်ယူအသင်းအတွက် တလုံးထဲသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၅၄)မိနစ်မှာ အီဘရာဟီမိုဗစ် ပေးတဲ့ဘောလုံးကို ကွင်းလယ်လူ မာတာက သွင်းယူပေးခဲ့တာဖြစ်ပြီး မာတာဟာ ဒီပွဲရဲ့ အကောင်းဆုံးဘောလုံး သမားဆုရရှိသွားပါတယ်။
နိုဝင်ဘာလကုန် ကျင်းပမယ့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ၀က်စ်ဟမ်း၊ အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့ တွေ့ဆုံဖို့ ရှိနေပါတယ်။