ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” မုန်တိုင်းငယ်အဖြစ် အားလျော့သွား

  ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့  ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” ဟာ  အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားမယ်လို့ ခန့်မှန်းရကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားတာမရှိတာကြောင့် လက်ရှိ အခြေအနေကို အဝါရောင်အဆင့်လို့ သတ်မှတ်ကြောင်း၊ မုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို  မိုင် ၅၀ နှုန်းလောက်ဖြစ်ပါတယ်။

More News
Up