ရန်ကုန်စတော့ရှယ်ဈေးနှုန်းများ မြင့်တက်
DVB
·
October 27, 2016
အောက်တိုဘာ ၂၆ ရက်နေ့မှာ ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရောင်းချတဲ့ ရှယ်ယာ ၃ ခုစလုံးရဲ့ ဈေးနှုန်းတွေက မြင့်တက်ခဲ့ပါတယ်။
ရှယ်ယာ ၃ ခုစလုံးရဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့တဲ့အပြင် ရှယ်ယာအရောင်းအဝယ် ဈေးကွက်ကလည်း ယခင်ထက်ပိုမို ကောင်းမွန်ခဲ့ပါတယ်။
ရှယ်ယာရှင် အများစုကတော့ သီလဝါ ရှယ်ယာတွေကို အပြိုင်အဆိုင်ဝယ်ယူခဲ့ပြီး တနေ့ထဲနဲ့ အစုရှယ်ယာ ၈ ထောက်ကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ သီလဝါရှယ်ယာတစုကို ငွေကျပ် ၅၀၀၀၀၊ FMI ရှယ်ယာတစုကို ငွေကျပ် ၁၇၀၀၀နဲ့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ငွေကျပ် ၉၅၀၀ ပေါက်ဈေးရှိနေပါတယ်။