DVB Logo
Home
မြန်မာသတင်း
ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး
DVB
·
October 26, 2016
ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးကားလမ်းပေါ်မှာ မနေ့က ခရီးသည်တင်ယာဉ်နဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ၁ ဦးသေ ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီမှာ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာ အနီး ရန်ကုန်မန္တလေးလမ်း  မိုင်တိုင်၃၆၆/၂ နဲ့ ၃၆၆/၃ မှာ မသန်းကြွယ်မောင်းနှင်ပြီး နောက်ထိုင်ခုံမှ မယုမွန်လိုက်ပါတဲ့ ဆိုင်ကယ်လမ်းဖြတ်ကူးစဉ် ဒို့ရှမ်းညီနောင်ခရီးသည်တင် မီနီဘတ်နဲ့ တိုက်မိတဲ့အတွက် ၁ ဦးဒဏ်ရာရပြီး ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာပါ။

ဆိုင်ကယ်နဲ့ တိုက်တာကို မြင်တွေ့လိုက်ရတဲ့ ဒေသခံတဦးက “ကားကအရှိန်ပါတော့ ဘရိတ်အုပ်ပေမယ့် လျောတိုက်ပြီး ကားရှေ့ခေါင်းညာဘက်အစွန်းနဲ့ တိုက်မိပြီးလူတွေ မြောက်တက်သွားပြီး ပြန်ကျတာတဦးကတော့ ခေါင်းကသွေးထွက်ပြီး နေရာတင်ပွဲချင်းပြီး သေသွားတယ်။ ဆိုင်ကယ်ကတော့ကြေမွသွားတယ်” လို့ ပြောပါတယ်။

ရွှေတောင်နယ်မြေရဲစခန်းဒုရဲအုပ်ခင် မောင်တင့်က “လမ်းမှားသူကိုသာအမှုဖွင့် အရေးယူ ဆောင်ရွက်ရပါတယ်။ လမ်းဖြတ်ကူးမယ်ဆို တဖက်ယာဉ်ကြောမှာ မရှင်းသေးရင် စောင့်ဆိုင်း ပေးရပါမယ်။ ဒါမှ ယာဉ်အန္တရာယ်ကင်းပါတယ်” လို့ပြောပါတယ်။

ဒို့ရှမ်းညီနောင် ခရီးသည်တင်မီနီဘတ် (7I/8525)ယာဉ်မောင်း ကိုစိုးတင့်အောင်ဖြစ်ပြီး (၃၄ယ/၈၆၁၅၇) ဆိုင်ကယ်မောင်းနှင်သူ မသန်းကြွယ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးကာ နောက်မှလိုက်ပါသူ မယုမွန်လည်း ဒဏ်ရာများရရှိတဲ့အတွက် ဝမ်းတွင်းမြို့ ပြည်သူဆေးရုံသို့ ပိုဆောင်ဆေးကုသမှု ခံယူနေပါတယ်။

ရွှေတောင်နယ်မြေရဲစခန်းမှ အမှုအမှတ် ယာဉ်(ပ)၁၆/၂၀၁၆ ယာဉ်မဆင်မခြင် မောင်နှင်ပြီး လူသေဆုံးစေသော ပုဒ်မ၃၀၄(က)၊ ဒဏ်ရာရရှိစေမှု ပုဒ်မ-၃၃၈ နဲ့ ဆိုင်ကယ်မောင်းသူ မသန်းကြွယ်ကို ဒုရဲအုပ်ခင်မောင်တင့်မှ အရေးယူအမှု ဖွင့်စစ်ဆေးနေ ပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013