
ရပ်နားထားတဲ့ လွှတ်တော်အရပ်ရပ်ကို လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာ ပြန်လည်ကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေထဲမှာ ဒုတိယအကြိမ် ပြည်သူ၊ အမျိုးသားနဲ့ ပြည်ထောင်စုလွှတ်တော်၊ တတိယ အစည်းအဝေးများကို နိုဝင်ဘာ ၁၆ရက် မနက်မှာ စတင်ကျင်းပပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာ ၇ ရက်မှာ ခေတရပ်နားခဲ့တာ ဖြစ်ပြီး လွှတ်တော်အရပ်ရပ် စတင်ခဲ့တဲ့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၃၉ခု ရှိတယ်လို့ လွှတ်တော်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။











