DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်းက အကြွေစေ့ဂိမ်းဆိုင်များ လုပ်ငန်းလိုင်စင် ပြန်လည်စိစစ်မည်
DVB
·
October 26, 2016
ရန်ကုန်တိုင်းအတွင်းက အကြွေစေ့ဂိမ်းဆိုင်များ လုပ်ငန်းလိုင်စင် ပြန်လည်စိစစ်မည်
Donate to DVB

ကလေးတွေ စိတ်အပန်းပြေဖို့အတွက် ဖွင့်လှစ်ပေးနေတဲ့ အကြွေစေ့ဂိမ်းဆိုင်တွေအတွက် လုပ်ငန်းလိုင်စင်တွေကို ပြန်လည်စိစစ်သွားမယ်လို့ နယ်လုံဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကြွေစေ့ဂိမ်းဆိုင်တွေဟာ တရားမဝင် ဖွင့်လှစ်ထားတဲ့ အကြွေစေ့ ဂိမ်းစင်တာတွေ ရှိနေသလို တရားဝင် လုပ်ငန်းလိုင်စင်က ကလေးတွေ စိတ်အပန်းပြေဖို့အတွက် လုပ်ကိုင်ဖို့ လုပ်ငန်းလိုင်စင်လျှောက်ထားပေမယ့် တရားမဝင် ကစားနည်းတွေ ထည့်သွင်းကစားနေတာတွေ ရှိနေတာကြောင့် အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အခု တရားဝင်လုပ်ကိုင်နေတဲ့ ဂိမ်းစင်တာတွေဟာ ၂၀၁၆-၂၀၁၇ ခုနှစ်ထိ လုပ်ငန်းလိုင်စင် လျှောက်ထားပြီး ဖြစ်နေတာကြောင့် ၂၀၁၇ ခုနှစ် လုပ်ငန်းလိုင်စင်တွေကို ပြန်လည်စိစစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရားဝင်လျှောက်ထားလုပ်ကိုင်နေတဲ့ ဂိမ်းစင်တာတွေဟာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှာ ၁၂ ဆိုင်၊ အနောက်ပိုင်းခရိုင်မှာ ၂၁ ဆိုင် ရှိနေပြီး ၂၀၁၆-၁၇ ခုနှစ်ထိ လုပ်ငန်းလိုင်စင်ပေးသွင်းပြီး တရားဝင်ဖွင့်လှစ်ထားတဲ့ ဆိုင်ပေါင်း ၄၃ ဆိုင်ရှိနေတယ်လို့ ဆိုပါတယ်။

တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဂိမ်းဆိုင်တွေနဲ့ ဂိမ်းကစားသူတွေကိုလည်း ဖမ်းဆီး အရေးယူမှုတွေလည်း လုပ်ဆောင်နေတယ်လို့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ထိ အမှုပေါင်း ၈ မှုနဲ့ တရားခံ ၁၃၅ ဦး၊ လောင်းကစားငွေ သိန်းပေါင်း ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီလို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ တရားမဝင် လောင်းကစားမှု ၂၂ မှု၊ တရားခံ ၁၂၉ ယောက်နဲ့ လောင်းကစားငွေ ၃၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တရားမဝင် လောင်းကစားမှု ၇ မှု၊ တရားခံ ၄၇ ဦးနဲ့ ကာလတန်ဖိုး ၃၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အမှုပေါင်း ၄ မှု၊ တရားခံ ၁၃၆ ယောက်နဲ့ လောင်းကစားငွေ ၅၁ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013