Home
မြန်မာသတင်း
စစ်မက်ဖြစ်ပွားခြင်းကို အလွယ်တကူစတင်မည်မဟုတ်ဟု ၀တပ်ဖွဲ့ စာပေးပို့
DVB
·
October 25, 2016
  မိုင်းလားဒေသမှာ ဖြစ်ခဲ့တဲ့ အထင်လွဲမှားမှုတွေကို  နှစ်ဖက်ပြေလည်အောင်ဖြေရှင်းသွားမယ်လို့ UWSA ၀တပ်ဖွဲ့က   ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်ထံ အကြောင်းကြား စာပေးပို့လိုက်ပါတယ်။ ၀တပ်ဖွဲ့အနေနဲ့  မည်သည့် စစ်မက်ဖြစ်ပွားခြင်းကိုမှ ဦးစွာ အလွယ်တကူစတင်မှာ မဟုတ်တဲ့အကြောင်း ခရီးကြမ်း ချီတက်လေ့ကျင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အထင်လွဲမှားမှုတွေကို ပြဿ နာ ကြီးထွားအောင် မချဲ့ဖို့ အောက်ခြေတပ်တွေကို သတိပေးထားတယ်လို့လည်း ဖော်ပြထား ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့စွဲနဲ့   UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း လက်မှတ်နဲ့ ပေးပို့ခဲ့တဲ့ စာထဲမှာ ၀ပြည်နယ်အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့လက်တွဲပြီး အဆင့် ၃ ဆင့်ပါတဲ့ ငြိမ်းချမ်းရေးစာချုပ်အရ နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို စောလျင်စွာ ဖော်ဆောင်သွားမယ် လို့လည်း ဖော်ပြထားပါတယ်။ ၀ တပ်ဖွဲ့တွေဟာ မိုင်းလား တပ်ဖွဲ့ ရဲ့ တပ်စခန်းတချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့တာဖြစ်တာပါတယ်။ ဝတပ်ဖွဲ့နဲ့ အစိုးတပ်အကြား တင်းမာမှုတွေရှိနေချိန်မှာပဲ မိုင်းလားဒေသနဲ့ ဆက်သွယ်ထားတဲ့ ဝမ်တာပင်းနဲ့ မိုင်းယုဂိတ်(၂)ခုကို  အစိုးရတပ်က ဖြတ်သန်းသွားလာမှုကို  အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ပိတ်ပင်လိုက်ပါတယ်။ “ဝ” အထူးဒေသ(၁)နဲ့  အထူးဒေသ(၄) မိုင်းလား အခြေအနေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က  သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်တဲ့  အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူး အစည်းအဝေးမှာလည်း ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024