DVB Logo
Home
မြန်မာသတင်း
ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု မဖြေရှင်းပေးသည့်အတွက် လူ့အခွင့်အရေး ကော်မရှင်ကို တိုင်မည်
DVB
·
November 3, 2011
ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု မဖြေရှင်းပေးသည့်အတွက် လူ့အခွင့်အရေး ကော်မရှင်ကို တိုင်မည်
Donate to DVB

အင်းစိန်ထောင်မှာ နာရီပေါင်း ၂၀၀ ကျော်ကြာအောင် အစာငတ်ခံ ဆန္ဒပြနေတဲ့​​ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို မဖြေရှင်းပေးတဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်တန်းမယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ရက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အင်းစိန်ထောင်မှာ နာရီပေါင်း ၂၀၀ ကျော်ကြာအောင် အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မိသားစုနဲ့လည်း ထောင်ဝင်စာတွေ့ခွင့် မရသလို ထောင်အာဏာပိုင်တွေနဲ့ တရားဝင် တွေ့ခွင့်မရတဲ့အတွက် လူအခွင့်အရေး ကော်မရှင်ကို တိုင်တန်းမယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

“မနက်ဖြန်လောက်ဆိုရင် အခု ရောက်နေတဲ့ နိုင်ငံခြားက ဒီ ဧည့်သည်တွေကို ကျနော်တို့ ဒီဖြစ်စဉ်တွေ အကုန်လုံးကို လွှဲပြောင်းပြီးတော့ ပေးအပ်လိုက်မယ်။ ဒါ နိုင်ငံတကာနဲ့ ပုဂ္ဂိုလ်တွေ သိအောင်ပေါ့။ နောက်တခုကတော့ ၅ ရက်နေ့လောက်ဆို ကျနော်တို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်ကို ဆက်ပြီးတော့ တင်သွားမယ်။ အဲဒါ ဆက်လုပ်နေတယ်။”

ကိုညီညီထွန်းနဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးဟာ အောက်တိုဘာ ၂၆ ရက်နေ့ကတည်း အစာငတ်ခံဆန္ဒပြနေတာ ဒီနေ့ ၈ ရက်တိတိ ပြည့်မြောက်သွားပါပြီ။

ပြီးခဲ့တဲ့ စနေနေ့ကလည်း ကိုညီညီထွန်းနဲ့ ကိုစိုးမိုးထွန်းတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၈ ဦး စစ်ခွေးတိုက်ကို ပို့ထားပြီးနောက်ပိုင်းမှာ ရေဖြတ် လိုက်သလို ပါဆယ်ပို့ခွင့်၊ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်မရသေးတဲ့ အတွက်လည်း မိသားစုဝင်တွေလည်း စိုးရိမ်နေကြပါတယ်။

ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်းနဲ့ ကိုကောင်းမြတ်လှိုင်းတို့ မိသားစုတွေဟာ ထောင်ဝင်စာတွေဖို့အတွက် ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကို ရောက်ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပြုခဲ့ဘူးလို့လည်း ကိုအောင်ဇော်ထွန်းက ဆက်လက် ပြောဆိုပါတယ်။

“ဆန္ဒပြမှုက ၂၆ ရက်ကျော်လောက်က စတင်နေတာ။ အခု နိုဝင်ဘာလ ၃ ရက်နေ့ကို ရောက်သွားပြီ။ စုစုပေါင်း ၈ ရက်ရှိသွားပြီးပေါ့။ နာရီပေါင်းလည်း ၂၀၀ ကျော်သွားပြီ။ အာဏာပိုင်တွေက ထောင်ဝင်စာ ပေးမတွေ့ဘူး၊ ပါဆယ်လည်း ပေးခွင့်မရှိဘူး။ ပိတ်ပင်ထားတော့ အဲဒီ မိသားစုဝင်တွေက အထဲမှာ ရှိနေတဲ့လူတွေရဲ့ အသက်အန္တရာယ်နဲ့ သူတို့ ကျန်းမာရေးကို စိုးရိမ်နေတယ်။ ထောင်ဝင်စာ ပေးမတွေ့ဘူး ဆိုရင်တော့ တာဝန်ရှိသူတွေနဲ့ စကားတိုက်ရိုက် ပြောချင်ပါတယ်လို့ ပြောတဲ့အတွက် ထောင်ဝင်စာကို ကိုင်ထားတဲ့ ဒု-ထောင်မှူးဖြစ်တဲ့လူက အထက်ကို ဖုန်းဆက်ခွင့်ပေးတယ်။ ဆက်တဲ့အခါကျတော့ မိသားစုဝင်တွေ ဖုန်းဆက်တာ ထောင်ပိုင်က ဖုန်းကို လုံးဝမကိုင်ဘူး။ အဲဒါကြောင့် ဒီနေ့ မိသားစုဝင်တွေက ထောင်ဝင်စာလည်း တွေ့ခွင့်မရခဲ့ဘူး။ ပါဆယ်လည်း ပေးခွင့်မရဘူး။ အထဲက လူတွေရဲ့အကြောင်းအရာကို အာဏာပိုင်တွေရဲ့ ရှင်းလင်းဖြေကြားမှုလည်း သူတို့ နားမထောင်ခဲ့ရပါဘူး။”

အင်းစိန်ထောင်အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။

အောက်တိုဘာ ၂၆ ရက်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက် ပိတ်ထားတဲ့အပေါ် မကျေနပ်လို့ နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013