Home
မြန်မာသတင်း
နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း အကြီးအကဲနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
October 24, 2016
14856169_902537143213836_5714747613792416672_o
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဒီကနေ့ မနက် နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာပြည်ရဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား International Finance Corporation (IFC)ရဲ့ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Philippe H.Le Houerou နဲ့ အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လာရောက် တွေ့ဆုံတာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။ တွေ့ဆုံရာမှာ IFC အဖွဲ့က မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကူအညီပေးနေတဲ့ အခြေအနေနဲ့ ပေးရန်ရှိတဲ့ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးကိစ္စရပ်တွေအပါအဝင် မြန်မာနိုင်ငံနဲ့ IFC အဖွဲ့တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ IFC အဖွဲ့ဟာ ကမ္ဘာ့ဘဏ်လုပ်ငန်းအုပ်စုရဲ့ အဖွဲ့ဝင်ဖြစ်ပြီး မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်နေတဲ့ ကမ္ဘာ့ဖွံ့ဖြိုးရေးဆိုင်ရာ အကြီးဆုံးအဖွဲ့အစည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024