Home
မြန်မာသတင်း
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးမည်
DVB
·
October 24, 2016
  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ  ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က ဆရာဝန်တွေနဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေကို အခမဲ့ခွဲစိတ်ကုသပေးဖို့ ရှိနေတယ်လို့ ကိုရီးယားကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဲ့  ကိုရီးယားနိုင်ငံ POSCO DAEWOO Corporation တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နဲ့ လာမယ့် နိုဝင်ဘာ ၆ ရက်ကနေ ၁၁ ရက်ထိ ခွဲစိတ်ကုသပေးမှာ ဖြစ်ပြီး  ခွဲစိတ်ကုသမှု ခံယူလိုတဲ့ လူနာတွေအနေနဲ့ နိုဝင်ဘာ ၃ ရက် နောက်ဆုံးထားပြီး  ရန်ကုန် ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနဲ့ ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဌာနမှာ  လာရောက် စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရန် - ၀၉၇၈၀၅၂၆၂၇၁၊ ၀၁-၂၅၆၁၁၂ ~ ၁၂၈ (လိုင်းခွဲနံပါတ် ၉၄၅)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024