DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးဒုက္ခသည်များကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးနေ
DVB
·
November 3, 2011
မြန်မာရေဘေးဒုက္ခသည်များကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးနေ
Donate to DVB

ထိုင်းနိုင်ငံ​​ ​ရေ​ဘေး​ဒု​က္ခ​သည်​စ​ခန်း​က မြန်မာတွေကို မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်​ လုပ်ပေးနေပါတယ်။

[caption id="attachment_17333" align="alignright" width="310" caption="photo-reuters"][/caption]

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အထက်က နခေါင်ပထုံခရိုင် ၀ပ်ရိုက်ခင် ၀စ်ထရာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ ​ရေဘေး​ ဒုက္ခသည်စခန်းက မြန်မာ​ အလုပ်သမားတွေကို ဘန်ကောက်-မြန်မာသံရုံးက တာဝန်ရှိသူတွေ​ လာပြီး နိုင်ငံကူး​ လက်မှတ် လုပ်ပေးနေတယ်လို့ စခန်းမှာ​ ခိုလှုံနေတဲ့​  မြန်မာအလုပ်သမား​ ကိုသက်ခိုင်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ​ သူတို့ ရဲ့​ လက်မှတ်တွေ​ ​ရေကြီးရာမှာ​ ​ပျောက်ဆုံးသွားတာကတကြောင်း၊ အလုပ်ရှင်တွေ သိမ်းထားရာကနေ ပြန်မရတော့တာကတကြောင်း တို့​ကြောင့် မြန်မာသံရုံးကနေ​ အသစ် ပြန်လုပ်ပေးနေတာ ဖြစ်တယ်လို့ ကိုသက်ခိုင်က ပြောပါတယ်။

“မနေ့က လာပြီးတော့ ဓာတ်ပုံတွေ ရိုက်ပေးသွားတယ်။ ကျနော်တို့ကို ဗီဇာ စာရွက်တွေပေးတယ်။ စာအုပ်တော့​ မရသေးဘူး။ ဒါပေမယ့် သန်ဘက်ခါတော့ ရမယ်တဲ့​ ပြောသွားတယ်။ ကျနော်တို့ အကုန်လုံးကို ရိုက်ပေးသွားတယ်။ ထိုင်းတံဆိပ်ရယ်၊ မြန်မာစီးတံဆိပ်ရယ်၊ သူတို့ က မြန်မာပြည်သားအယောက် ၅၀၀​ ကို ဗီဇာစာအုပ်​ ၅၀၀ သူတို့ ထုတ်ပေးမယ်။ ဒါပေမယ့် work permit ကိစ္စ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ သူတို့ညှိတယ်။ အဆင်ပြေသွားပြီပြောတယ်။ ထိုင်းအလုပ်သမားဝန်ကြီးကလည်း လာတယ်။”

နခေါင်ပထုံခရိုင် ၀ပ်ရိုက်ခင်ဘုန်းကြီးကျောင်းက ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ဖွင့်ထားတာဖြစ်ပြီး မြန်မာဒုက္ခသည် ၄၀၀ ခန့်နဲ့ ကမ္ဘောဒီးယား ၁၀၀ ခန့် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013