မုန်တိုင်းအရှိန်ကြောင့် မြေပြို ရေကြီးအန္တရာယ် သတိပြုကြရန် မိုးဇလ သတိပေး
DVB
·
October 23, 2016
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်အနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်။
မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တယ်၊ ဒါ့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုအန္တရာယ် သတိထားကြပါ။
ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း သတိရှိကြပါလို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။