Home
မြန်မာသတင်း
ကျောက်တံခါးတွင် ကားတစီး တိမ်းမှောက်၊ ၁၅ ဦး ဒဏ်ရာရ
DVB
·
October 23, 2016
ပဲခူးတိုင်ဒေသကြီး ကျောက်တံခါးမြို့နယ် မြို့မရဲစခန်းအပိုင်မှာ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်က ကားတစီးအရှိန်လွန်ကာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့လို့ ၁၅ ဦး ဒဏ်ရာရှိခဲ့ပါတယ်။ ကျောက်တံခါးမြို့မရဲစခန်းအပိုင် တောင်ဘက် ၄ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ်၁၁၂/၃နှင့်၁၁၂/၄အကြား သူဌေးကုန်းကျေးရွာအနီးမှာ ယာဉ်မောင်း နိုင်လင်း မောင်းနှင်းလာတဲ့ LITEACE အဖြူရောင် ၄ ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်ဘေး ထိုးကျတိမ်းမှောက်ခဲ့တာပါ။ ယာဉ်ပေါ် လိုက်ပါလာတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးက စိုးရိမ်ရကြောင်း၊ ယာဉ်မောင်းကတော့ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "ကားကတော့ လမ်းဘေးမြောင်းထဲကို ရောက်သွားတာပဲ၊ တော်သေးတယ် အသေအပျောက်မရှိတာ။ ဒဏ်ရာရသူကတော့ များတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေသွားတယ်။" ယာဉ်မောင်း နိုင်လင်းကို ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်(ပ)၄၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၀၂ နဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024