ဘူးသီးတောင်ယာယီစခန်းမှ ဒေသခံ ၈၀ ခန့် နေရပ်ရင်း ပြန်
DVB
·
October 22, 2016
မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်ပြီး ဘူးသီးတောင်ကို ထွက်ပြေးလာတဲ့ ဒေသခံ ၈၀ လောက်ဟာ ဒီနေ့မွန်းလွဲပိုင်းမှာ နေရပ်ပြန်သွားခဲ့ကြပါတယ်။
ဘူးသီးတောင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ယာယီစခန်း မှာ ခိုလှုံရောက်ရှိနေကြတဲ့ မောင်တောမြို့နယ် ကန်သာယာကျေး ရွာ၊ ရွှေ့ရင်အေး ကျေးရွာ၊ သရေကုန် ဘောင်ကျေးရွာ၊ မကျည်းကုန်း ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အောင်ဇေယျကျေး ရွာ၊ အောင်သာယာကျေး ရွာတို့မှ အိမ်ထောင်စု (၃၁)စု၊ လူဦးရေ (၇၈)ဦးတို့ကို သူတို့ဆန္ဒအရ နေရပ် အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြို့နယ်ပြန်ဆက်သတင်းမှာ ဖော်ပြပါတယ်။