Monday, June 5, 2023
HomeLead Storyငါးခူရ အကြမ်းဖက်သမား ၆ ဦး ထပ် ဖမ်းမိ

ငါးခူရ အကြမ်းဖက်သမား ၆ ဦး ထပ် ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူရရဲစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ ၆ ဦးကို အောက်တိုဘာ ၁၉ ရက်က ဖမ်းမိတယ်လို့ စစ်တပ်ပိုင်မြ၀တီ သတင်းမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က သတင်းအရ ငါးခူရကျေးရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ဖော်ဝီခန်း(ဘ)ဂျီးနားခန်း၊ ဖော်တိန်ခန်း (ဘ)ဂျီးနားခန်း၊ မာမတ်ရှား(ဘ)မာမတ်ယူရှား၊ ဟာဆောင်းရှာ (ဘ)ခင်မောင်ထွန်း၊ ဟူဆောင်းရှာ(ဘ) ခင်မောင်ထွန်းနှင့် မာမတ်ဆာဒက်(ဘ) ဒီမာမတ် တို့ကို ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူ ၆ ဦးအား ငါးခူရရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ နယ်မြေ ဆက်လက်ရှင်းလင်း ဆောင်ရွက်နေတယ်လို့ သတင်းက ဆိုပါတယ်။

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်က ဖမ်းမိထားသူပေါင်း အယောက် ၅၀ လောက် ရှိသွားပြီ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular