ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာကို စစ်ဘက်ဆိုင်ရာ အာဏာ ပိုင်တွေက သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း ဆန်စပါးဝယ်ယူရေးအစီအစဉ်မှာ အကြီး အကျယ်အရှုံးပြခဲ့တဲ့အတွက် ဘတ်ငွေ ၃၅ ဒဿမ ၇ ဘီလီယံ ဒဏ်ကြေးဆောင်ဖို့ ပြစ် ဒဏ်ချမှတ်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းယူဖို့ ဒီ အမိန့်စာကို လက်ခံရရှိခဲ့တယ်လို့ ယင်လတ်က ဘန်ကောက်မြို့တရားရုံးပြင်ပမှာ ပြော လိုက်တာပါ။
“ဒီအမိန့်ဟာ မမျှတပါဘူး။ ကျမရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အခွင့်အရေးကို ဆိုးဆိုးဝါး ၀ါး ထိခိုက်စေပါတယ်။ ဒီပြစ်ဒဏ်အတွက် ကျမငြင်းနိုင်ပါတယ်”လို့ သူက ပြောပါတယ်။
ခုလိုပြစ်ဒဏ်ချမှတ်မှုကို ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၀စ်ဆူဒီ ဆီရိဆူဖန်နဲ့ အမြဲတမ်းအတွင်းဝန် ဆွန်ချိုင် ဆူဂျာပွန်ဆီတို့က အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။
ဒီငွေကြေးကို ယင်လတ်အနေနဲ့ ရက်ပေါင်း ၃၀ အတွင်း အစိုးရဆီ ပေးဆောင်ရမှာ ဖြစ်ပြီး တကယ်လို့များ မကျေနပ်မှုတစုံတရာကြောင့် ပြန်လည်ထုချေချင်တယ်ဆိုရင် တော့ ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ချေပချက်တင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်ဖြစ်တဲ့ ယင်လတ်ဟာ ၂၀၁၄ ခုနှစ်၊ မေလကတည်းက စစ်တပ်က အာဏာမသိမ်းခင်လေးမှာ အာဏာအလွဲသုံးစားမှုနဲ့ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပါ။
အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီဟာ ၀န်ကြီးချုပ်ဟောင်း ယင်လတ် စီစဉ်ကြီးကြပ်ခဲ့တဲ့ နိုင်ငံတော် စပါးဝယ်ယူရေးအစီအစဉ်ဟာ နိုင်ငံတော် ဘတ် ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အရှုံးပြခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပါတ်ကမှ လေးစားကြည်ညိုရတဲ့ ထိုင်းဘုရင်ကြီး နတ်ရွာစံထားခဲ့ တာမို့ တနိုင်ငံလုံး ၀မ်းနည်းပူဆွေးနေရချိန်မှာ သူ့အနေနဲ့ နောက်ထပ်မှတ်ချက်မပေးလို သေးဘူးလို့ ယင်လတ်က ပြောပါတယ်။