မြန်မာဘောလုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃ ဆင့်ကျဆင်း

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မနေ့က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘောလုံး အဆင့် သတ်မှတ်ချက်အရ မြန်မာကအရင်လကထက် အဆင့် ၃ဆင့်ကျဆင်း သွားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလသတ်မှတ်ချက်အရ နိုင်ငံပေါင်း ၂၀၀ ကျော် မှာမြန်မာက အဆင့် ၁၅၃ ရှိနေရာကနေ  အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်မှာတော့ ၃ဆင့်ကျပြီး အဆင့် ၁၅၆ ကို ရောက်ရှိသွားတာပါ။ အာဆီယံအသင်းတွေထဲမှာ ဖိလစ်ပိုင်က ၁ ဆင့်ထပ်တက်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်  ၁၂၄ နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိုင်းက ၁၁ ဆင့်ကျပြီး အဆင့် ၁၄၆၊ ဗီယက်နမ်က ၅ ဆင့်တက်ပြီး ၁၃၆ ၊ စင်ကာပူကတော့ ၁၆ဆင့်ကျပြီး  ၁၇၁ ၊ မလေးရှားက ၆ဆင့်ကျပြီး ၁၆၄ ၊ လာအိုက တဆင့်တက်ပြီး ၁၇၅၊ ကမ္ဘောဒီးယားက ၆ ဆင့်တက်ပြီး ၁၆၇ နဲ့ အင်ဒိုနီးရှားက ၂ ဆင့်တက်ပြီး  ၁၇၉ မှာ အသီးသီး ရပ်တည်နေပါတယ်။ ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာတော့ အာဂျင်တီးနား၊ အဆင့် ၂ ဂျာမနီ ၊ အဆင့် ၃ ဘရာဇီး စသဖြင့် အစဉ်လိုက် အသီးသီးရပ်တည်နေပါတယ်။

More News
Up