Home
မြန်မာသတင်း
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်ဖမ်းဆီးခံရသူ တောင်ကိုရီးယားနိုင်ငံသား ငြင်းဆို
DVB
·
October 21, 2016
အောက်တိုဘာလ ၁၉ ရက်နေ့က တောင်ငူမြို့ VIGEN MYANMAR အခမဲ့ကျန်းမာရေး ပရဟိတစင်တာ တောင်ငူရုံးတာဝန်ခံ တောင်ကိုရီးယားနိုင်ငံသား Mr. Lee Sang Beom ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရသူ တောင်ကိုရီးယားနိုင်ငံသားက ငြင်းဆိုလိုက်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ငူ အမှတ် ၂ နယ်မြေ ရဲစခန်း က စခန်းမှူးကို မေးမြန်းရာမှာ အခုလို ပြောပါတယ်။ “ဝန်မခံတာနဲ့ ပတ်သက်ပြီး ကျနော်တို့က အမှုမှန်လမ်းကြောင်း ပေါ်ပေါက်အောင် ဆက်စုံစမ်းရမှာပေါ့၊ လောလောဆယ် လတ်တလော အနေအထားအရတော့ အိပ်ခန်းထဲက မိတယ်၊ ကားပေါ်ကမိတယ်လေ။” အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းကလည်း တောင်ကိုးရီးယားသံရုံးမှ တတိယအတွင်းဝန် Mr. Pank Ki Suk ၊ရုံးအဖွဲ့ဝင် Mr. Jeong Hyeon Seob နှင့် သံရုံးဝန်ထမ်း မနှင်းရွှေဇင်ဦးတို့ဟာ ကိုးရီးယားနိုင်ငံသား Mr. Lee Sang Beom ကို ထိန်းသိမ်းထားတဲ့ တောင်ငူ အမှတ် ၂ နယ်မြေရဲစခန်းကို လာရောက်ပြီး အမှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဋ္ဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့ ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် Mr. Lee Sang Beom နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ တောင်ကိုးရီးယားသံရုံးက တာဝန်ရှိသူတွေက အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဖိအားပေးတာမျိုးတော့ မရှိဘူးလို့ တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်ဦးက ပြောပါတယ်။ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် စကားပြန်နဲ့ ရမန်ယူပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ သားကြီး(တောင်ငူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024