DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
အမှန်ကို အမှားဖြစ်အောင် မတရားဖိအားပေးနေတဲ့ သာသနာရေးဝန်ကြီး
DVB
·
November 3, 2011
အမှန်ကို အမှားဖြစ်အောင် မတရားဖိအားပေးနေတဲ့ သာသနာရေးဝန်ကြီး
Donate to DVB

ဘုန်းဘုန်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရေအုတ်ကန် ဘုန်းကြီးကျောင်းက ဖြစ်ပါတယ်။ ဘုန်းကြီးတို့ကျောင်းက ၂၀၀၂ ခုကစပြီး ပိုင်ဆိုင်မှုအတွက် အငြင်းပွားတရားမမှု ဖြစ်ကြရပါတယ်။ ဘုန်းဘုန်းတို့က မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့် ဆိုတဲ့ အဆင့်သုံးဆင့်လုံးမှာ အနိုင်ရခဲ့ပါတယ်။ ဒါကို ပြည်ထောင်စု သာသနာရေးဝန်ကြီးက လုပ်ထုံးနဲ့မညီဟု မဟုတ်မဟတ် အကြောင်းပြပြီး နိုင်ငံတော် သံဃာ့အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျော်ပြီးဖျက်ပစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ၂၀၁၁ မှာကျတော့ ဒီအမှုတွဲကို အောက်ခြေမှစပြီး မြို့နယ်အဆင့်ကနေ ပြန်ပြီးစစ်ဆေးရပြန်ပါတယ်။ ဒီတကြိမ်မှာလည်း မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့် အဆင့်အားလုံးတို့မှ အမှန်အတိုင်း ဘုန်းဘုန်းတို့ကပဲ အနိုင်ရခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ပြည်ထောင်စု သာသနာရေးဝန်ကြီးက အခုချိန်မှာလည်း ဇာတိသူ သူ့ဘုန်းကြီး ရှုံးရကောင်းလားလို့ ဘက်လိုက်ပြီး ဒီအမှုကို မဖြစ်မနေ ဖျက်ပစ်ဖို့ ညွှန်မှူးကို အာဏာပြစေခိုင်းပါတယ်။ သူနဲ့အကြောင်းသင့်တဲ့ သံဃာ့မဟာ နာယက ဆရာတော်တွေကိုလည်း ဖိအားပေးပြန်ပါတယ်။

အခုလို နိုင်ငံတော်သမ္မတကြီးအနေနဲ့ သန့်ရှင်းသောအစိုးရ၊ ပြည်သူ ယုံကြည်လေးစားအားထားရသော အစိုးရဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုး​စား​​ဆောင်ရွက်နေချိန်မှာ ပြည်ထောင်စု သာသနာရေးဝန်ကြီးရဲ့ အလွန်ဆိုးသွမ်းသော လုပ်ရပ်များ ကြောင့် ရဟန်းသံဃာများ ဒယကာ၊ ဒါယကာမများသာမက နောက်ဆုံး သူ့လက်အောက်က ၀န်ထမ်းများကပါ အလွန်အော့နှလုံးနာဖြစ်ရပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး အနေနဲ့ သာသနာရေးဝန်ကြီးရဲ့ လုပ်ရပ်တွေကို အချိန်မီ တားမြစ်ပေးပါရန်နှင့် သံဃာ့မဟာနာယက အဖွဲ့ဆရာတော်ကြီးများရဲ့ အဆုံးအမ သဘောထားအမှန်ကို ဘောင်ကျော်ပြီး ၀န်ကြီးရုံးမှ ၀င်ရောက်စွက်ဖက်မှုတွေကို အရေးယူပေးပါလို့ ဒီဗွီဘီကနေ တင်ပြလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013