Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ထပ်မံပိတ်ထား
DVB
·
October 21, 2016
ရခိုင်ပြည်နယ် နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီပိတ်ထားခဲ့ရတယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာ သတင်းမှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောနယ်စပ် နယ်ခြားစောင့်တပ်စခန်း ၃ ခုကို ၀င်ရောက်တိုက်ခိုက်ခံရမှုကြောင့် မောင်တောနယ်စပ်ဂိတ် ကုန်သွယ်ရေးစခန်းကို ၅ ရက်ကြာ ပိတ်ထားခဲ့တာပါ။ အောက်တိုဘာ ၁၄ ရက်နေ့မှာ မောင်တောနယ်စပ်ဂိတ်ကိုပြန်ဖွင့်ခဲ့ပေးမယ့် ခုသီတင်းပတ်မှာ နောက်တကြိမ်ပြန်ပြီးပိတ်လိုက်တာပါ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအဖြစ် စစ်တွေနဲ့ မောင်တောဂိတ် ၂ ခုရှိနေတာပါ။ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မောင်တော နယ်စပ်ကုန်သွယ်မှုက ရရှိငွေ ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၀၈၉ သန်းရှိပါတယ်။ မောင်တောနယ်စပ်ဂိတ်ဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ပို့ကုန်အများဆုံး ကုန်သွယ်ရေး စခန်း ဖြစ်ပြီး ရေထွက်ကုန်ဖြစ်တဲ့ ပုစွန်၊ ငါးခြောက်မျိုးစုံ၊ ငါးနီတူ စတဲ့ ရေထွက်ကုန်တွေအပြင် ခေါင်းအုံးထဲထည့်တဲ့ မှို့ဆောင်တွေကို တင်ပို့ပြီး သွင်းကုန်ကတော့ အဝတ်အထည်တွေကို တင်သွင်းပါတယ်။ မောင်တောမြို့နယ်ထဲမှာ  နယ်မြေမတည်ငြိမ်မှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကတည်းက ညဘက်အပြင်မထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024