A d v e r t i s e m e n t With Us

ပခုက္ကူ​ရေ​ဘေး​ဒဏ်ခံ ​ကျေး​ရွာအချို့​ အကူအညီမရ​သေး

မ​ကွေး​တိုင်း​ဒေသကြီး​ ပခုက္ကူခရိုင်က ပခုက္ကူမြို့​နယ်၊​ မြိုင်မြို့​နယ်နဲ့​ ဆိပ်ဖြူမြို့​နယ်​တွေက ​ရေ​ဘေး​သင့်​ ​ကျေး​ရွာတချို့​မှာ ဒီက​နေ့​အချိန်ထိ အကူအညီ မရ​သေး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ မြိုင်မြို့​နယ်က ပဒိုင်​တော၊​ ရွာသစ်ဖြ၊​ ထုံး​မ၊​ ​ချောင်း​ဆုံ ​ကျေး​ရွာ​တွေနဲ့​ ပခုက္ကူမြို့​နယ်ထဲက ဖလံအို၊​ ဆယ်ပင်စု၊​ မကျီး​စု၊​ ​အောက်ကျင်း​ စတဲ့​ကျေး​ရွာ​တွေမှာ အကူအညီအ​ထောက်အပံ့​တွေ မရ​သေး​ဘူး​လို့​လည်း​ သိရပါတယ်။ မြိုင်မြို့​နယ် ​ဒေသခံတဦး​က “တချို့​ကျ​တော့​လည်း​ သတင်း​မပို့​နိုင်တဲ့​ ဟာ​တွေလည်း​ မ​ရောက်​သေး​တာ ရှိမယ်​လေ။ သူတို့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေက သတင်း​မပို့​နိုင်တာ။ ပြီး​တော့​ ကျ​နော်တို့​ ကိုယ်လှူမယ့်​ ကယ်ဆယ်မယ့်​လူ​တွေကလည်း​ သွား​ရောက်မ​လေ့​လာ နိုင်​သေး​တော့​ ကျန်ဦး​မှာ ရှိတယ်။ ​ခြောက်ဇုံဘက်တို့​၊​ ပရိုင်း​တောဘက်တို့​ အဲဒီမှာ ရှိတာက​တော့​ ရှိ​သေး​တယ်။ သူတို့​ သက်ဆိုင်ရာ ​ကျေး​ရွာက တခြား​မြို့​တွေမှာ သွား​နေပြီး​ ပိုက်ဆံရှိတဲ့​လူ​တွေက​တော့​ လာ​ရောက် အလှူဒါန​တွေ ပြုကြပါတယ်။ ပရိုင်း​တောတို့​ဆို ကျ​နော်သိတာ လုံး​ဝမ​ရောက်​သေး​ဘူး​။” အောက်တိုဘာလ ၂၀ ရက်​နေ့​ ​ရေကြီး​ရေလျှံပြီး​ခဲ့​ကတည်း​ ပုဂ္ဂလိက အလှူရှင်​တွေနဲ့​ ရပ်ရွာက ​စေတနာရှင်​တွေပါ အကူအညီ​ပေး​တဲ့​အပြင် ပြည်​ထောင်စုအစိုး​ရက​တော့​ ပခုက္ကူခရိုင်က ​ရေ​ဘေး​သင့်​ ဒုက္ခသည်​တွေ အတွက် အ​မေရိကန် ​ဒေါ်လာ ၅ သိန်း​နဲ့​ညီမျှတဲ့​ အကူအညီ​ပေး​မယ်လို့​ ထုတ်ပြန်ချက်​တွေအရ သိရပါတယ်။ ပုဂ္ဂလိက အလှူရှင်​တွေက​တော့​ ဒုက္ခသည်​တွေကို တိုက်ရိုက် လှူဒါန်း​နေပြီး​ အစိုး​ရ အကူအညီ​တွေကို​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှုး​က​နေတဆင့်​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှုး​တွေက​နေ အ​ထောက်အပံ့​ပစ္စည်း​တွေကို ​ထောက်ပံ့​တာလို့​ ​ဒေသခံ​တွေ အ​ပြောအရ သိရပါတယ်။ မြိုင်မြို့​မှာ​တော့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က မြို့​နယ်သံဃနာယက ဥက္ကဋ္ဌ ဦး​စီး​ပြီး​တော့​ ​ရေ​ဘေး​သင့်​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​တဲ့​ လုပ်​ဆောင်မှုအ​ပေါ်ကို ကန့်​ကွက်ခဲ့​တယ်လို့​လည်း​ ​ဒေသခံက ​ပြောပါတယ်။ “အဲဒီထဲမှာ ဒီ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ ဦး​စီး​မှူး​ကလည်း​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ကလည်း​ သံဃာ​တော်​တွေက ဒီလို အစည်း​အ​ဝေး​လုပ်ပြီး​ ​ကျောင်း​က ဝတ္ထုပစ္စည်း​တွေကို စွန့်​တာ အဲဒါကို အဲဒါကို ခွဲ​ဝေ​ပေး​ဖို့​ရာလည်း​ ​နောက်ထပ် လုပ်​ပေး​မယ်ဟာကို ကန့်​ထား​တယ်​လေ။ ကန့်​ကွက်ထား​တယ် မလုပ်ပါနဲ့​ သူတို့​က မလုပ်နိုင်ရာကျလို့​ ဆိုပြီး​တော့​ ဘုန်း​ကြီး​တွေ အဲဒီလို လုပ်မယ့်​ဟာကို ကန့်​ကွက်ထား​တယ်။ ဘုန်း​ကြီး​ဥက္ကဋ္ဌကို တား​တယ်​ပေါ့​လေ။ ဘုန်း​ကြီး​ဥက္ကဋ္ဌ ကလည်း​ တား​တော့​ မလုပ်ဘူး​။ မ​ကြောက်တဲ့​ ဦး​ဇင်း​တွေကျ​တော့​လည်း​ လုပ်တယ်။” ပခုက္ကူခရိုင်က ​ရေ​ဘေး​သင့်​ ​ကျေး​ရွာတချို့​မှာ အခုချိန်ထိ အကူအညီ​တွေ မရ​သေး​တာ ရှိ​နေသလို အခြား​ အကူအညီရ​နေတဲ့​ ​ကျေး​ရွာ​တွေမှာလည်း​ အစိုး​ရနဲ့​ ပုဂ္ဂလိက အလှူရှင်​တွေရဲ့​ အကူအညီအ​ထောက်ပံ့​တွေဟာလည်း​ မလုံ​လောက်​သေး​ဘူး​လို့​ ပခုက္ကူခရိုင်​ရေ​ဘေး​သင့်​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေတဲ့​ ပခုက္ကူမြို့​က ​ဒေါက်တာကြည်မင်း​က ​ပြောပါတယ်။ “ဒီလိုပဲ သူတို့​ အရင် ယိုင်သွား​တဲ့​ တဲ​လေး​တွေ ​ထောင်မတ်ပြီး​တော့​ ​အောက်ထပ်​နေလို့​ မရတဲ့​လူက အ​ပေါ်ထပ် တက်​နေတာ​ပေါ့​။ ​နောက်ပြီး​တော့​ ဒိုက်​တွေ၊​ သစ်ပင်​တွေ နည်း​နည်း​ရှင်း​ပြီး​တော့​ မီး​သွေး​လို ဖုတ်ပြီး​ ချက်ပြုတ် စား​နေကြတာ ​တွေ့​တယ် ဖြစ်သလို​လေး​ပေါ့​။ ​ကျောင်း​သား​တွေလည်း​ စာအုပ်​တွေ စာတမ်း​တွေ ​မျောပါသွား​လို့​တဲ့​။ တိရစ္ဆာ​တွေ ဘာ​တွေလည်း​ ​မျောပါသွား​တာပဲ။ အခု​တော့​ ဖြစ်သလို ​နေကြ​သေး​တာပဲ။ အခု လာပြီး​တော့​ ကူညီတာ​တွေကလည်း​ သူတို့​အတွက်က​တော့​ တကယ့်​တကယ့်​ မလုံ​လောက်​သေး​ဘူး​။ အလုပ်က လုပ်နိုင်ကြမှာ မဟုတ်​သေး​ဘူး​။ ဆန်​တွေလှူကြတယ်။ ​ရေသန့်​ဘူး​လှူကြတယ်။ ဆီ၊​ ဆား​၊​ ​နောက် အဝတ်အထည် အ​ဟောင်း​တွေပါတယ်။ ​စောင်​တွေပါတယ်။”

A d v e r t i s e m e n t With Us

More News
Up