Home
မြန်မာသတင်း
စက်လှေနစ်မြုပ်မှုဝမ်းနည်းကြောင်းထုတ်ပြန်၊ ထောက်ပံ့ငွေများပေးအပ်
DVB
·
October 20, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရပါကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်က ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်ရာမှာ အသက်ရှင်ကျန်ရစ်သူ ၁၅၄ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး  ၁၅၀ ကျော်သေဆုံးပျောက်ဆုံးတဲ့အတွက် အထူးပင်ဝမ်းနည်းရပါကြောင်း ထုတ်ပြန်ထားပါတယ်။ အောင်စိုးမိုးကျော် ၂ အမြန်ရေယာဉ်နစ်မြုပ်မှုကနေ အသက်ရှင်လွတ်မြောက်လာတဲ့ အဝေးသင်ကျောင်းသား/သူ ၃၄ ဦး နှင့် သေဆုံးခဲ့သူ ၁ ဦးကို ဒီကနေ့ မွန်းလွဲပိုင်းက  မုံရွာတက္ကသိုလ်မှာ မုံရွာတက္ကသိုလ်၊ Asia World နှင့် အထက်ချင်းတွင်း ရှမ်းတိုင်းရင်သားများ ရွှေလုပ်ငန်းရှင်များအသင်းတို့က  ထောက်ပံ့ငွေ စုစုပေါင်း ၆၆ သိန်းကို ပေးအပ်ခဲ့ပါတယ်။ ကျန်ရစ်သူ ကျောင်းသား၊ ကျောင်းသူတွေနဲ့ပတ်သက်ပြီး ပညာသင်ကြားရေး၊ နေရေးထိုင်ရေး အခက်အခဲရှိရင် တက္ကသိုလ်ကနေ စီစဉ်ပေးသွားမယ်လို့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း အမြန်ယာဉ်နစ်မြုပ်ခဲ့တဲ့နေ့က အသက်ရှင်လွတ်မြောက်ခဲ့သူ ၁၅၀ ကျော်ကို တဦးလျှင် ၂ သောင်းကျပ်နှုန်းနဲ့ ကူညီထောက်ပံ့ပေးခဲ့ပါသေးတယ်။ လက်ရှိမှာ နစ်မြုပ်မော်တော်ဆယ်ယူမှုက ၅ ရက်မြောက်နေ့မှာ ပြီးစီး သလောက်ရှိနေပြီဖြစ်ပြီး ချင်းတွင်းမြစ်တလျှေက်စစ်ကိုင်းတိုင်းအတွင်း ၆၇ လောင်း၊ မကွေးတိုင်း အတွင်း ၅ လောင်း စုစုပေါင်း ၇၂ လောင်းဆယ်ယူရရှိခဲ့ပြီး အလောင်းမတွေ့ဘဲ ပျောက်ဆုံးနေ တာတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။ အမြန်ယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး ရေယာဉ်အသင်းမှ ထိရောက်တဲ့ပံ့ပိုးကူညီပေးမှုတွေ မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024