DVB Logo
Home
မြန်မာသတင်း
အချက်သုံးချက်အပေါ်ကြည့်ပြီး မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချသွားမည်ဟု အမေရိကန်ပြော
DVB
·
November 2, 2011
အချက်သုံးချက်အပေါ်ကြည့်ပြီး မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချသွားမည်ဟု အမေရိကန်ပြော
Donate to DVB

အမေရိကန်အနေနဲ့ အချက်သုံးချက်ပေါ် ကြည့်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်​ အရေးယူထားတာကို လျှော့ချသွားဖို့​ ရှိတယ်လို့ သိရပါတယ်။

[caption id="attachment_17269" align="alignleft" width="310" caption="မိုက်ကယ် ပို့စနာ"][/caption]

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) နဲ့ ရန်ကုန်အခြစိုက်ဒီမိုကရက်တစ်ပါတီ ၇ ခုက ခေါင်းဆောင်တွေ မနေ့က ရန်ကုန်မှာ တွေ့ဆုံခဲ့ကြရာ လက်ထောက်ဝန်ကြီးက​ ​ဆွေးနွေး​ပြောကြားသွားတာလို့​​ဆွေးနွေးပွဲတက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“သူတို့ကတော့ အချက်သုံးချက်ကို​ ​ကြည့်ပါတယ်။ အချက်သုံးချက်ဆိုတာက နိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားမှု၊ နိုင်ငံရေး Space ဘယ်လောက်ကျယ်ကျယ် ရလာသလဲ၊ ဘယ်လောက်လုပ်နိုင်သလဲဆိုတာ နံပါတ်တစ်၊ နံပါတ်နှစ်ကတော့ အကျဉ်းသားတွေ အကုန်လုံးလွှတ်ပေးဖို့​ကိစ္စ၊​ ​နောက်တချက်က ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့​ ပတ်သက်တဲ့​ ​ဆောင်ရွက်ချက်တွေ ဘယ်လိုလုပ်မယ် ဆိုတဲ့ ဆောင်ရွက်ချက်ပေါ့။ အဲဒီသုံးချက်ပေါ်မှာ အဓိက ထားပြီးတော့ စဉ်းစားမှာပါတဲ့။”

မြန်မာနိုင်ငံဟာ အခုတလော မြန်မြန်ပြောင်းလဲနေတာ တွေ့ရပြီး အပြောင်းအလဲဟာ ဘယ်လောက်ထိ ခိုင်မာသလဲဆိုတာ သူတို့လာကြည့်တာလို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတယ်လို့လည်း ဆိုပါတယ်။

သူတို့ပါတီအနေနဲ့တော့ လွတ်လပ်စွာ​ ​ဟောပြောရေးသား ဆန္ဒထုတ်ဖော်ခွင့်ရှိဖို့၊ စီးပွားရေးမှာ လက်ဝါးကြီးအုပ် စီးပွားရေးမျိုး မဖြစ်ဖိုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိဖို့ အရေးကြီးပုံတွေကို ဆွေးနွေးခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။

လက်ထောက်ဝန်ကြီးဟာ နေပြည်တော်ကိုသွားရောက်ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့မတွေ့ခင် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီကရရှိတဲ့ အချက်အလက်တွေအပေါ်​ မူတည်ပြီး နေပြည်တော်မှာ သက်ဆိုင်တဲ့​ သူတွေကို မေးခွန်းထုတ်​ အဖြေရှာဖို့ လုပ်မှာပါ။

အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ နိုဝင်ဘာလ ၁ ရက်က ရန်ကုန်ကို စတင်ရောက်ရှိလာတာဖြစ်ပြီး အဲဒီနေ့ တနေ့တည်းမှာ တိုင်းရင်းသားပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတချို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013