Home
မြန်မာသတင်း
တိမ်းမှောက်ခဲ့သည့် အမြန်ရေယာဉ်ကြောင့် သေဆုံးသူများအား ရက်လည်ဆွမ်းသွပ်ခြင်း ပြုလုပ်
DVB
·
October 19, 2016
  စစ်ကိုင်းဒေသကြီး ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာကမ်းပါးအနီးတွင် အမြန်ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူတွေအတွက် ရက်လည်ဆွမ်းသွပ် အမျှဝေမှုကို အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီက သေဆုံးသူမိသားစုဝင်တွေနဲ့အတူ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ပါတယ်။ ဆွမ်းသွပ်လှူဒါန်း အမျှဝေမှုကို ရေယာဉ်တိမ်းမှောက်ခဲ့ရာ နေရာအနီးက မိကျောင်းတွင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့ကြတာပါ။ ထို့ပြင် ရေယာဉ်တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးခဲ့တဲ့မိသားစုဝင်တွေအတွက် တိုင်းဒေသကြီး အစိုးရက လှူဒါန်းးထောက်ပံ့မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ရေယာဉ်တိမ်းမှောက်မှုကြောင့် တွေ့ရှိရတဲ့ ခရီးသည်အလောင်းများအနက် ၃၈ လောင်းကို ကနီမြို့နယ်တွင်းရှိ ယင်းသောင်ပြင်၊ ရွှေစာရေးနဲ့ ကနီသောင်ပြင်တို့မှာ  မီးသင်္ဂြိုလ်ခဲ့ရတယ်လို့ ကနီလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောကြားပါတယ်။ တွေ့ရှိရတဲ့အလောင်းတွေကို ကနီရဲတပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်းတွေ ရယူထားသလို ရုပ်လောင်းမှာ ပါလာတဲ့ လက်ဝတ်လက်စားတွေကိုလည်း အလောင်းနံပါတ် စာရင်းတွေအတိုင်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ရေယာဉ်ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၄ နာရီမှာ ကရိမ်းဇက်သင်္ဘော ၃ စင်း ရိုးရိုးဇက်သင်္ဘော ၃ စင်းအပြင် တခြားရေယာဉ်တွေနဲ့ ဆည်ယူမှုရာမှာ တမ်းမှောက် ရေယာဉ်ကို ရေပေါ်ပါလာအောင် ဆည်ယူနိုင်ခဲ့ပေမယ့် ညအချိန်ဖြစ်တဲ့အတွက် ကမ်းပေါ် ဆွဲတင်ဖို့ အချိန်မလုံလောက်တာကြောင့် ဒီနေ့မှာ အပြီးသတ် ဆွဲတင်နိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ရေယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၃၀၀ ကျော်ပါလာတဲ့အနက် ၁၅၈ ဦးအား ကယ်တင်နိုင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက် ညနေပိုင်း အထိ ခရီးသည်ဦးရေ ၄၂ အလောင်းအား တွေ့ရှိခဲ့ကာ ကျန်ခရီးသည်များလည်း ပျောက်ဆုံးနေ ပါတယ်။ သတင်း - ရန်နိုင်စိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024