A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲပြန်ဖြစ်

ရက်အတန်ကြာ တိုက်ပွဲ​တွေ ငြိမ်သက်​နေတဲ့​ ရှမ်း​ပြည်နယ်​တောင်ပိုင်း​မှာ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ် တိုက်ပွဲ ပြန်ဖြစ်​နေပါတယ်။ ရှမ်း​ပြည်​တောင်ပိုင်း​ မိုင်း​နောင်မြို့​နယ် ဒူယား​ကျေး​ရွာအုပ်စုထဲမှာ ​အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွား​ခဲ့​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော်က ​ပြောပါတယ်။ ရှမ်း​ပြည်တပ်မ​တော် တပ်မ ၇၂ တပ်ရင်း​ ၈၀၁ နဲ့​ မိုင်း​နောင်အ​ခြေစိုက် ခလရ ၂၈၆ အစိုး​ရတပ်တို့​ဟာ ပန်​လော့​နဲ့​ ​ဟွေ့​ကိန်ရွာကြား​မှာရှိတဲ့​ ​တောအုပ်ထဲမှာ ဖြစ်ပွား​ခဲ့​တယ်။ နှစ်ဘက် အ​သေအ​ပျောက်စာရင်း​ မသိရ​သေး​ဘူး​လို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။ “တတ်နိုင်သ​လောက် အဲဒီတိုက်ပွဲမဖြစ်ဖို့​ ကျ​နော်တို့​ ​ရှောင်ပါတယ်။ ဒါ​ပေမယ့်​ သူတို့​က ​တောနင်း​ပြီး​တော့​ ရှာ​ဖွေပြီး​တိုက်​နေ​တော့​ ကျ​နော်တို့​လည်း​ တိုက်​နေရတယ်။ သူတို့​လာတာ ကြိုပြီး​သတင်း​ရ​တော့​ ကျ​နော်တို့​ ​စောင့်​ပြီး​တိုက်တာပါခင်ဗျ။ ကျ​နော်တို့​ဘက်က​တော့​ အင်အား​ ၂၀ ​လောက်ပါခင်ဗျ။ သူတို့​ဘက်က​တော့​ ၅၀ ​လောက်ရှိမယ်။” ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ဖို့​ ငြင်း​ပယ်ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီကို အစိုး​ရတပ်က ဒီနှစ်ဦး​ပိုင်း​ကစပြီး​ ထိုး​စစ်ဆင်ခဲ့​တာမှာ ပြီး​ခဲ့​တဲ့​ စက်တင်ဘာလအထိ တိုက်ပွဲ​ပေါင်း​ ၃၀၀ ​ကျော်ဖြစ်ပွား​ခဲ့​ပါတယ်။ ဝမ်ဟိုင်း​ဌာနချုပ်ကို တိုက်ခိုက်သိမ်း​ပိုက်ဖို့​ အစိုး​ရတပ်ရင်း​ ၁၄ ရင်း​ အဲဒီနယ်​မြေထဲမှာ ဝင်​ရောက်တပ်စွဲထား​ပေမယ့်​ ခု​နောက်ပိုင်း​ တပ်တချို့​ ပြန် ဆုတ်ခွာသွား​ခဲ့​တယ်။ တိုက်ပွဲဖြစ်ပွား​တဲ့​ဒေသမှာ ရွာသား​တွေဟာ အစိုး​ရတပ်ရဲ့​ ​ပေါ်တာဆွဲခံရတာ၊​ လက်နက်ကြီး​တွေ ထိမှန်တာ၊​ သူပုန်လို့​စွပ်စွဲပြီး​ ဖမ်း​ဆီး​စစ်​ဆေး​တာ၊​ အမျိုး​သမီး​တွေ မတရား​ကျင့်​ခံရတာ​တွေ ရှိ​နေတဲ့​အတွက် ရှမ်း​ပြည်တပ်မ​တော်ဘက်က နိုင်ငံ​ရေး​ကို ငြိမ်း​ချမ်း​စွာ​ဆွေး​နွေး​ခြင်း​နဲ့​ အ​ဖြေရှာဖို့​ လွန်ခဲ့​တဲ့​ ဇူလိုင်လက အစိုး​ရဆီ အိတ်ဖွင့်​စာ ပို့​ထား​ခဲ့​ပါ​သေး​တယ်။

A d v e r t i s e m e n t With Us

More News
Up