DVB Logo
Home
မြန်မာသတင်း
နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ်
DVB
·
November 1, 2011
နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ်
Donate to DVB

အင်း​စိန်​ထောင်မှာ ကျန်း​မာ​ရေး​ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​နေမျိုး​ဇင်ကို ​ထောင်တွင်း​ဆေး​ရုံမှာ ခွဲစိတ်ကုသဖို့​ စီစဉ်​နေတယ်လို့​ မိသား​စုက ​ပြောပါတယ်။

အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၀ နှစ်ချခံထား​ရတဲ့​ ကို​နေမျိုး​ဇင်ဟာ ​ထောင်တွင်း​အချုပ်မှာ ​ချော်လဲတဲ့​ ဒဏ်ရာ​ကြောင့်​ ခါး​ရိုး​တ​ချောင်း​ပဲ့​သွား​ပြီး​ လှုပ်ရှား​မရ ဖြစ်​နေပါတယ်။

ထောင်​ဆေး​ရုံမှာ ခွဲစိတ်ကုသမယ့်​ကိစ္စနဲ့​ပတ်သက်လို့​ လာမယ့်​ နိုဝင်ဘာ ၃ ရက်​နေ့​ မိသား​စုက ​ထောင်ဝင်စာ သွား​တွေ့​တဲ့​အခါမှာ မိသား​စုရဲ့​ သ​ဘော တူညီချက်ကို ယူဖို့​ရှိ​နေတယ်လို့​ ကိုမျိုး​ဇင်ရဲ့​ မိခင် ​ဒေါ်ခင်သီက ​ပြောပါတယ်။

“သူ့​ကို ​ဆေး​ရုံး​တင်ပြီး​တော့​ ခွဲပြီး​ ကုရမယ်လို့​ ဆရာဝန်က ​ပြောတယ်တဲ့​။ မခွဲ​သေး​ဘူး​တဲ့​။ အင်း​စိန်​ဆေး​ရုံမှာပဲ လာခွဲခိုင်း​မယ်​ပေါ့​။ ​ကောင်း​ချင်လည်း​ ​ကောင်း​မယ် မ​ကောင်း​ချင်လည်း​ မ​ကောင်း​ဘူး​ပေါ့​လေ။ အဲဒါ ​နေမျိုး​ဇင်ရဲ့​ ​ဆွေမျိုး​သား​ချင်း​တ​ယောက်​ယောက်က လက်မှတ်ထိုး​ပေး​ရမယ်လို့​ ​ပြောတယ်တဲ့​။ သူ့​ရဲ့​ဆန္ဒကို ​မေး​ပြီး​ တိုင်ပင်ပြီး​ လုပ်ရမှာ​ပေါ့​။”

လွန်ခဲ့​တဲ့​ နှစ်ပတ်ကတုန်း​က ကို​နေမျိုး​ဇင်ကို အပြင်​ဆေး​ရုံး​မှာ ​ဆေး​ကုသခွင့်​ပေး​ဖို့​ မိသား​စုက သက်ဆိုင်ရာဆီ စာပို့​ခဲ့​ပါတယ်။ လက်မှတ်ထိုး​ပေး​ရမလား​ဆိုတာ သား​ရဲ့​ ဆန္ဒကို ​မေး​ရဦး​မယ်​လေ။”

ခါး​ရိုး​ဒဏ်ရာ​ကြောင့်​ ​အောက်ပိုင်း​သေသွား​နိုင်တယ်လို့​ ဆရာဝန်​တွေဆီကတဆင့်​ သိရတဲ့​အတွက် စိုး​ရိမ်တယ်လို့​ ကို​နေမျိုး​ဇင်ရဲ့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က အခုလို​ပြောပါတယ်။

“​ထောင်​ဆေး​ရုံမှာ ထား​တယ်ခင်ဗျ။ ​ထောင်မှာ ဘာမှ မပြည့်​စုံဘူး​။ သူ့​ကို ကုသနိုင်မယ့်​ ​ဆေး​မရှိဘူး​။ ကြည့်​မြင်တိုင်​ဆေး​ရုံမှာပဲရှိတယ်။ ကြည်မြင့်​တိုင်အရိုး​ကု ​ဆေး​ရုံမှာပဲ ရှိတယ်။ အမှန်သူက ​အော်ပ​ရေး​ရှင်း​လုပ်မှ ရမယ်။ သူက နံပါတ် ၅ အရိုး​က အက်သွား​တော့​ အခုအချိန်ထိ ထိုင်လည်း​ မထိုင်နိုင်ဘူး​။ တုတ်​ထောက်ပြီး​တော့​လည်း​ သူမသွား​နိုင်ဘူး​။ အမြဲတမ်း​ လှဲပြီး​တော့​ ​နေ​နေရတယ်။ အိမ်သာသွား​မယ်ဆိုရင် သူက တုတ်​ထောက်ပြီး​တော့​ ထရတယ်ဗျာ။ အဲဒီလို ပုံစံဖြစ်​နေတယ်။ နှစ်ဘက် တုတ်​ထောက်ပြီး​ ထရတယ်။”

ဗိုလ်ကြီး​ဟောင်း​ဖြစ်တဲ့​ ကို​နေမျိုး​ဇင်ကို ပြီး​ခဲ့​တဲ့​ ဧပြီလက ဖမ်း​ဆီး​ခဲ့​ပြီး​တဲ့​နောက် ဩဂုတ်လအတွင်း​မှာ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင် ၁၀ နှစ်ချထား​ပါတယ်။

သူ့​ကို ဖမ်း​ဆီး​တဲ့​အချိန်က​နေ တရား​ရုံး​မှာအမိန့်​ချတဲ့​အထိ သက်ဆိုင်ရာ အဆင့်​ဆင့်​ရဲ့​ လုပ်​ဆောင်ချက်​တွေ အား​လုံး​ မှား​ယွင်း​ခဲ့​တယ်လို့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

“အမှန်တိုင်း​ပြောရရင် ကွင်း​လုံး​ကွတ် လွှတ်ရမှာ ရှင်း​ရှင်း​လေး​ရယ်။ အပြီး​လွှတ်ရမှာ ဥပ​ဒေနဲ့​မှ မညီဘဲ။ အဲဒါ အစအဆုံး​ ကျ​နော့်​ ​လျှောက်လဲချက်ထဲမှာ အ​သေး​စိတ်ကို တင်ပြထား​ပြီး​တော့​ ဒါကိုလည်း​ သူတို့​ဘက်က သိသွား​ပြီ​လေ။ သိသွား​ပြီး​တော့​ သူတို့​ရဲ့​ ချို့​ယွင်း​ချက်​တွေက အများ​ကြီး​ဖြစ်​နေတယ်။ တခုတည်း​မှ မဟုတ်ဘဲ။ အဆင့်​ဆင့်​ ချို့​ယွင်း​ချက် ဖြစ်သွား​တယ်။ မူလကတည်း​က ပျက်ပြယ်​နေတဲ့​ တရား​စွဲတဲ့​အမှု ဖြစ်တဲ့​အတွက်​ကြောင့်​ သူ့​ကို ပြစ်ဒဏ်က​နေ လွှတ်​ပေး​ရမှာ။ ”

အမှုကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​ရုံး​အမှတ် ၆ မှာ အယူခံတင်ထား​တာ တလ​ကျော်​နေပြီလို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

ကို​နေမျိုး​ဇင်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်က​နေ ထွက်ပြီး​တဲ့​နောက် အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​တွေအများ​စုပါဝင်တဲ့​ ​သွေး​ကူညီ​ပေး​ရေး​အဖွဲ့​မှာ ကူညီ​နေရင်း​ ဖမ်း​ဆီး​ထောင်ချခံခဲ့​ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013