အဖြူအစိမ်းဝတ် အမေရိကန် စေတနာ့ဝန်ထမ်းကျောင်းဆရာများ
DVB
·
October 18, 2016
မြန်မာနိုင်ငံက အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကား သင်ကြားတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးဖို့ အမေရိကန် Peace Corps က စေတနာ့ဝန်ထမ်းတွေ မြန်မာနိုင်ငံကို မကြာသေးမီကရောက်ရှိနေပါတယ်။
အမေရိကန်ဆရာတွေက အခြေခံပညာကျောင်းတွေမှာ စာသင်တဲ့အခါ မြန်မာကျောင်းဆရာ၊ ဆရာမတွေ ဝတ်တဲ့ ကျောင်းဝတ်စုံတွေအတိုင်း ဝတ်ပြီး စာသင်ကြားကြမှာ ဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာကျောင်းဆရာတွေနဲ့ ကျောင်းသားတွေကို အင်္ဂလိပ်စာသင်ကြားပေးမယ့် အစီအစဉ်ကို မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘာမားက ကြေညာခဲ့တာဖြစ်ပါတယ်။