သမ္မတဦးထင်ကျော် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း လက်မှတ်ထိုး
DVB
·
October 18, 2016
မြန်မာသမ္မတ ဦးထင်ကျော်ဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှာ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
သမ္မတဦးထင်ကျော်ကို ထိုင်းနိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ သံရုံးမှ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။