Home
မြန်မာသတင်း
ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ‘ပလွေ’ ပြိုင်ပွဲကို ထည့်သွင်းကျင်းပမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 18, 2016
14568171_320410811666882_4753449816595443386_n
  ၂၂ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ‘ပလွေ’ ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ ဒါအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ ထားဝယ်တိုင်းရင်းသားတွေရဲ့ ထင်ရှားတဲ့ ရိုးရာအကတွေထဲက အက ၂ မျိုးကိုလည်း ‘၂၂ ကြိမ်မြောက်ပြိုင်ပွဲကြီးရဲ့ ပြည်ထောင်စုအက’ အဖြစ် ထည့်သွင်းထားပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ၁၉၉၃ ခုနှစ်ကတည်းက ကျင်းပပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီနှစ် ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲမှာဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ပြိုင်ပွဲဝင်အင်အား အမျိုးသမီး ၁၀၄၄ ဦးနဲ့ အမျိုးသား ၇၂၂ ဦးရှိတယ်လို့ သိရပါတယ်။ ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်လှစ်ပွဲအခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ - (MICC - 2) မှာ အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဒုသမ္မတ ဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဒုဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီ၊ အကဲဖြတ်ပညာရှင်တွေနဲ့ ပြိုင်ပွဲဝင်အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ပြိုင်ပွဲ ကျင်းပမယ့်နေရာတွေကတော့ ယခင်နှစ်များနည်းတူ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တောတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နယ်မြေတွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အောင်ကိုကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024