DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် တရားမ၀င်ဆေးဝါး ကျပ်​သိန်း ၂၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
October 18, 2016
ဟင်္သာတတွင် တရားမ၀င်ဆေးဝါး ကျပ်​သိန်း ၂၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
1 / 6
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး​ ဟင်္သာတမြို့မှာ ကျပ်​သိန်း ၂၀၀ ​ကျော်​ တန်​ဖိုးရှိတဲ့ တရားမဝင်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ဧရာဝတီတိုင်း​ဒေသကြီး အစားအ​သောက်​နဲ့​ ဆေးဝါးကွပ်​ကဲ​ရေးဌာန FDA တိုင်းဦးစီးမှူး ​ဒေါက်​တာပြည့်ဖြိုးက ​ဒီ​ဗွီဘီကို ​ပြောပါတယ်​။

FDA၊ အစားအ​သောက်​နဲ့​ ဆေးဝါးကွပ်​ကဲ​ရေး​ကော်​မတီနဲ့ တိုင်း​ဒေသကြီးမှုခင်းတပ်​ဖွဲ့ CID တို့ ပူး​ပေါင်းပြီး ​ ​အောက်​တိုဘာ ၁၇ ရက်​​နေ့က ​ဟင်္သာတမြို့က ​ဆေးဆိုင်​အချို့ကို စီမံချက်​အရ ဝင်​ရောက်​ရှာ​ဖွေရာမှာ ကျပ်​သိန်း ၂၀၀ ​ကျော်​ တန်​ဖိုးရှိတဲ့ မှတ်​ပုံတင်​မဲ့​ဆေးဝါး၊ ​ဆေးဝါးအတု​၊ သက်​တမ်းလွန်​​ဆေးဝါးနဲ့ အထူးထိန်းချုပ်​​ဆေးဝါးအမျိုးအစား ရာနဲ့ချီဖမ်းဆီးရမိခဲ့တဲ့အပြင်​ ​လိုင်​စင်​မဲ့​ဆေးဝါးကြိတ်​စက်​လုံးကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။

ပူး​ပေါင်းအဖွဲ့အ​နေအနဲ့ သတင်းအရ ဟင်္သာတမြို့က ​ဆေးဆိုင်​သုံးဆိုင်​နဲ့ လိုင်​ဆင်​မဲ့​ဆေးဝါး ထုတ်​လုပ်​​နေတဲ့ တစ်​​နေရာကို အဖွဲ့​လေးဖွဲ့ခွဲ့ကာ စစ်​​ဆေးခဲ့ပြီး အခုလိုဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးခဲ့တဲ့ ​ဆေးဝါး​တွေနဲ့ပတ်​သက်​ပြီး ​ဆေးဆိုင်​ပိုင်​ရှင်​​တွေကို ဟင်္သာမြို့မ အမှတ်​ ၁ ရဲစခန်းမှာ အမျိုးသားဆေးဝါးဥပ​ဒေပုဒ်​မ ၁၈၊ ပုဒ်​မ ၁၉ တို့နဲ့ အမှုဖွင့်​လှစ်​ပြီး အ​ရေးယူ​ ဆောင်​ရွက်​ဖို့ပြင်​ဆင်​​နေတယ်​လို့ တိုင်း​ဒေသကြီး အမှတ်​ ၇ မှုခင်းတပ်​ဖွဲ့ က ဒုရဲမှူး လှသိန်းစိုးက ဒီဗွီဘီကို​ပြောပါတယ်​။

ဧရာဝတီတိုင်း​ဒေသကြီး အစားအ​သောက်​နဲ့ ​ဆေးဝါးကွပ်​ကဲ​ရေးဌာန FDA​ အနေနဲ့ မှတ်​ပုံတင်​မဲ့​ဆေးဝါး၊ ​ဆေးဝါးအတု​၊ သက်​တမ်းလွန်​​ဆေးဝါးနဲ့ အထူးထိန်းချုပ်​​ဆေးဝါး ​တွေကို အခြား မြို့နယ်​​တွေမှာလည်း ဆက်​လက်​ဖမ်းဆီးအ​ရေးယူဖို့ရှိတယ်​လို့ဆိုပါတယ်​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013