DVB Logo
Home
Lead Story
ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်း
DVB
·
October 17, 2016
ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်း
1 / 16
Donate to DVB

 

ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ ဦးသိန်းဆွေတို့ ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ကျနော်တို့ ဖြစ်စဉ်စဖြစ်ခဲ့တဲ့နေ့ကနေ ဒီကနေ့ထိ ထိခိုက်ကျဆုံးနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကကျဆုံး ၅ ဦး၊ ရဲဘက်ကတော့ ကျဆုံး အရာရှိ ၁ ဦးနဲ့ အခြားအဆင့် ၈ ဦး ရှိပါတယ်။ ဒဏ်ရာရတာတော့ အရာရှိ ၁ ဦးနဲ့  အခြားအဆင့် ၂ ဦး ရှိပါတယ်။ ပျောက်ဆုံးတစ်ဦးကတော့ ပြန်တွေ့ပြီလို့ သတင်းတင်ပြပြီးဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ကတော့ သေဆုံးစုစုပေါင်း ၃၀ ဦးရှိပါတယ်။ ကျား ၂၈ ဦးနဲ့ မ ၂ ဦးရှိပါတယ်။ ဖမ်းမိတာတော့ ကျား စုစုပေါင်း ၁၂ ဦး ဒီထဲမှာ အိမ်နီးချင်းနိုင်ငံကလွှဲပြောင်းပေးတဲ့ ၂ဦးအပါအဝင်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရဲချုပ်ဇော်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့ ပါဝင်ရှင်းလင်းခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ နေဖြိုးဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013