DVB Logo
Home
မြန်မာသတင်း
နယ်မြေမတည်ငြိမ်မှုကြောင့် ရပ်ဆိုင်းထားသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပြန်ဖွင့်
DVB
·
October 17, 2016
နယ်မြေမတည်ငြိမ်မှုကြောင့် ရပ်ဆိုင်းထားသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပြန်ဖွင့်
Donate to DVB

 

အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်ကြောင့် နယ်မြေတည်ငြိမ်မှု မရှိတဲ့အတွက် ၅ ရက်နီးပါ ရပ်ဆိုင်းထားတဲ့ မောင်းတော ကုန်သွယ်ရေးစခန်းကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ပို့ကုန်အများဆုံး ကုန်သွယ်ရေး စခန်း ဖြစ်ပြီး ရေထွက်ကုန်ဖြစ်တဲ့ ပုစွန်၊ ငါးခြောက်မျိုးစုံ၊ ငါးနီတူ စတဲ့ ရေထွက်ကုန်တွေအပြင် ခေါင်းအုံးထဲထည့်တဲ့ မှို့ဆောင်တွေကို တင်ပို့ပြီး သွင်းကုန်ကတော့ အဝတ်အထည်တွေကို တင်သွင်းတယ်လို့ ကုန်သွယ်ရေးစခန်း တာဝန်ရှိသူက ပြောပါတယ်။

အခုလို နယ်မြေတည်ငြိမ်မှု မရှိတာက ကုန်သွယ်ရေးကို ထိခိုက်နိုင်တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ ဒီဒေသရဲ့ ကုန်သွယ်မှု တိုးတတ်ဖို့ဆိုရင် နယ်မြေတည်ငြိမ်ဖို့ လိုအပ်ပြီး လမ်းပန်းဆက်သွယ်မှုနဲ့ လျှပ်စစ်မီးရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မောင်းတောဒေသမှာ ရေထွက်ကုန်ဖြစ်တဲ့ ပုစွန်၊ ငါးတွေအတွက်ထားနိုင်တဲ့ အအေးခန်းရှိဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒီဒေသကုန်သွယ်ရေး တိုးတက်ဖို့အတွက် ကညင်ချောင်းကုန်သွယ်ရေးဇုန်လည်း လုပ်ထားတဲ့အတွက် ဒါပြီးသွားရင် ကုန်သည်တွေအတွက် ပိုအကျိုးရှိလာမယ်လို့ ဆိုပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ မောင်းတောနယ်စပ် ကုန်သွယ်ရေးစခန်းက တင်သွင်းမှု ဒေါ်လာ ၅ သန်းကျော်ခဲ့ပြီး သွင်းကုန်ဒေါ်လာ ၅၀၀၀ နီးပါး ရှိခဲ့ပါတယ်။

ဒီနှစ်ဘဏ္ဍာနှစ်ကာလအတွင်း ပို့ကုန်က အမေရိကန်ဒေါ်လာ ၃ သန်းနီးပါးရှိနေပြီး သွင်းကုန်ကတော့ အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါး ရှိနေပါပြီ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013