DVB Logo
Home
မြန်မာသတင်း
မသင်္ကာဖွယ်ရာ ဘင်္ဂါလီ ၂ ဦး မြိတ်တွင် ဖမ်းဆီးခံရ
DVB
·
October 16, 2016
မသင်္ကာဖွယ်ရာ ဘင်္ဂါလီ ၂ ဦး မြိတ်တွင် ဖမ်းဆီးခံရ
Donate to DVB

မြိတ်မြို့၌ အမှတ်-၁ နယ်မြေရဲကင်းမှူး ရဲအုပ်မြင့်လွင်နဲ့ တပ်ဖွဲ့ဝင်တွေဟာ ကလွင်ကျေးရွာအုပ်စုမှာ လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ဘင်္ဂါလီ အမျိုးသား ၂ ဦးကို စစ်ဆေးတွေ့ရှိတယ်လို့ မြိတ်မြို့နယ် မြို့မရဲစခန်းရုံးက ပြောပါတယ်။

ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက်၊ စန်းပွင့်လမ်းထိပ်မှာ အောင်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်လောက် နယ်မြေရဲကင်းတွေ လှည့်ကင်းဆောင်ရွက်နေချိန်မှာ စစ်ဆေးတွေ့ရှိရတာလို့ ဆိုပါတယ်။

အဆိုပါ ဘင်္ဂါလီ အမျိုးသား ၂ ဦးဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကတဆင့် မြိတ်မြို့ကို လာရောက်ခဲ့တာလို့ သိရပြီး လာရောက်တဲ့အကြောင်းရင်းနဲ့ လမ်းကြောင်းတွေကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တို့က စုံစမ်းဖော်ထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မသင်္ကာဖွယ် တွေ့ရှိရတဲ့ နူရူလာမိန် (၂၅ နှစ်) နဲ့ ဟာဇော်ရှော်ရှိတ် (၁၈ နှစ်)တို့ဖြစ်ပြီး သူတို့ကို မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂) ကို ဖောက်ဖျက်ကျူးလွန်တာကြောင့် ယင်းဥပဒေပုဒ်မ ၆(၃) အရ အမှုဖွင့် အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြိတ်မြို့မရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကိုဘိတ်(မြိတ်)၊  ဓာတ်ပုံ - မြိတ်ခရိုင်ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013