A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ခြင်း​ တနှစ်ပြည့်​ မီဒီယာ​တွေ့​ဆုံပွဲလုပ်မည်

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်တာ တနှစ်ပြည့်​အထိမ်း​အမှတ်အ​နေနဲ့​ ပြည်တွင်း​ပြည်ပမီဒီယာ​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဖိတ်ကြား​လိုက်ပါတယ်။ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “တနှစ်ပြည့်​တဲ့​ အထိမ်း​အမှတ်နဲ့​ ပြည်တွင်း​ပြည်ပ သတင်း​စာဆရာများ​ အား​လုံး​ကို သတင်း​စာရှင်း​လင်း​ပွဲတခု ပြုလုပ်ပါ့​မယ်။ ပြည်တွင်း​ဂျာနယ်အသီး​သီး​က သတင်း​ထောက်များ​အာလုံး​၊​ ထို့​အတူပဲ မြန်မာနိုင်ငံအ​ခြေစိုက် ပြည်ပမီဒီယာများ​က သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်ကြား​ပါတယ်။ ဖိတ်ကြား​မှုလည်း​ လုပ်ပါ့​မယ်။ အခုကတည်း​က တခါတည်း​ ဖိတ်လိုက်ပါရ​စေ။ အဲဒီ​နောက်ပိုင်း​ အလွန်အလုပ်များ​တဲ့​အတွက်​ကြောင့်​ အခြား​အ​ရေး​ကြီး​တဲ့​ လုပ်ငန်း​တာဝန်​တွေလည်း​ ထမ်း​ဆောင်ရမှာ ဖြစ်တဲ့​အတွက်​ကြောင့်​ ​ပြောရမယ်ဆိုရင် ၂၀၁၁ ခုနှစ် အတွင်း​မှာ​တော့​ဖြစ်ရင် ​နောက်ထပ် သတင်း​စာရှင်း​လင်း​ပွဲ​တွေ လုပ်နိုင်မှာမဟုတ်ပါဘူး​။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ အ​နေနဲ့​ လုပ်နိုင်ဖို့​အခွင့်​အလမ်း​ အချိန်သိပ်​ပေး​နိုင်မှာ မဟုတ်​တော့​ပါဘူး​။ ဒါ​ကြောင့်​မို့​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ချင်တယ်ဆိုတဲ့​ ပြည်တွင်း​ပြည်ပ သတင်း​ထောက်များ​အား​လုံး​လည်း​ အဲဒီ​နေ့​ တ​ပေါင်း​တည်း​ ကြွကြပါလို့​ ဖိတ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။ လာမယ့်​ နိုဝင်ဘာ ၁၄ ရက်​နေ့​ ရန်ကုန် ​ရွှေဂုံတိုင် အဖွဲ့​ချုပ်ရုံး​မှာ မီဒီယာ​တွေ့​ဆုံပွဲ လုပ်မှာဖြစ်ပြီး​ အန်အယ်လ်ဒီ မှတ်ပုံတင်မတင် ​ကြေညာမယ့်​ပွဲလို့​ ​ပြောဆို​နေတာ​တွေဟာ မမှန်ဘူး​လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up