DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း​ ​ရွှေရှာ​ဖွေမှု​ကြောင့်​ ​ဒေသအတွင်း​ ဆိုး​ဆိုး​ဝါး​ဝါး​ ထိခိုက်
DVB
·
November 1, 2011
ဧရာဝတီမြစ်အတွင်း​ ​ရွှေရှာ​ဖွေမှု​ကြောင့်​ ​ဒေသအတွင်း​ ဆိုး​ဆိုး​ဝါး​ဝါး​ ထိခိုက်
Donate to DVB

ကချင်ပြည်နယ်၊​ ဗန်း​မော်မြို့​နယ်အတွင်း​ရှိ ဧရာဝတီမြစ်ရိုး​တ​လျောက် စက်​လှေ​တွေ ရာနဲ့​ချီပြီး​ ​ရွှေရှာ​ဖွေလုပ်ကိုင်​နေရာ အခုအခါ ​ဒေသအတွင်း​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ကာ ​ရေထုညစ်ညမ်း​မှု​တွေနဲ့​ ​တွေ့​ကြုံ​နေရပါတယ်။

ဧရာဝတီမြစ်​ကြောင်း​ ထိန်း​သိမ်း​ရေး​အတွက် သန္တာ​ရွှေစင်ကုမ္ပဏီနဲ့​ For Luck ကုမ္ပဏီတို့​က ​ရေတိမ်ပိုင်း​နေရာက သဲ ခဲများ​ တူး​ဖော်ဖယ်ရှား​ပြီး​ ကမ်း​ပေါ်စုပုံတဲ့​ လုပ်ငန်း​ ကန်ထရိုက်ရယူထား​ရာ အဲဒီကုမ္ပဏီ​တွေက ​ရွှေလုပ်ငန်း​ရှင်​တွေကို စက်​လှေတစီး​ တလကျပ် ၁ဝ သိန်း​ ​ကောက်ခံပြီး​ အခုနှစ် ဧပြီလတည်း​ကစလို့​ ​ရွှေရှာတဲ့​လုပ်ငန်း​ လုပ်ကိုင်​နေခဲ့​တာပါ။

အခုအခါ စက်​လှေ အစီး​ ၃ဝဝ ​ကျော်က ​နေ့​ညမပြတ် ​ရွှေရှာ​နေကြလို့​ မြစ်​ရေညစ်ညမ်း​ကာ ​သောက်သုံး​ရေ​ကြောင့်​ လူ​တွေပါ ကျန်း​မာ​ရေး​ထိခိုက်​နေရတယ်လို့​ ဗန်း​မော်​ဒေသခံတဦး​က ​ပြောပါတယ်။

“စက်​လှေအစီး​ပေါင်း​ ၃ဝဝ ​ကျော် ​နေ့​ရော ည​ရော ခုတ်​တော့​ ရွာက ​သောက်သုံး​ရေ​တွေလည်း​ မသန့်​တော့​ဘူး​။ ​ရေလယ်​ခေါင်မှာ ​ရွှေကျင်တဲ့​ခါကျ​တော့​၊​ ပြဒါး​တွေလည်း​ သုံး​တာကို။ စက်က ​နေ့​ရောည​ရော ကိုက်​အောင် ​မောင်း​ရတဲ့​ခါကျ​တော့​ စက်ဆီ​တွေ​ရော၊​ အင်ဂျင်ဝိုင်​တွေ​ရော မသန့်​ရှင်း​တော့​ဘူး​လေ။ ​ရေ​နောက်တာကတမျိုး​၊​ စက်ဆီ​တွေပါတာကတမျိုး​။ အဲဒီမှာ​တော့​ ငါး​တွေဘာ​တွေ​တော့​ မရှိ​တော့​ဘူး​။ လူ​တွေပဲ ​သောက်သုံး​ရေ မသန့်​ရှင်း​တဲ့​ခါကျ​တော့​ ​ရောဂါ​တွေ ရကြရပြီ။ မြစ်​ရေပဲ ​သောက်ကြရတာ။ ရွာ​တွေက တွင်း​မရှိဘူး​။ ​သောက်သုံး​ရေ ​သောက်မိတဲ့​ခါကျ​တော့​ တချို့​ အန်တာတို့​၊​ ဆရာဝန်သွား​ပြ အမည်မသိ​ပေါ့​။ ​ရေကလည်း​ ​နောက်တယ်​လေ။ ကမ်း​ပါး​တွေကို ဖြိုတာ​လေ တချို့​ကျ​တော့​။”

မြစ်လယ်​ခေါင်နဲ့​ မြစ်ကမ်း​ဘေး​ ကမ်း​ပါး​ယံ​တွေ ဖြိုချကာ ​ရွှေကျင်​နေရာ လုပ်ငန်း​ခွင်အတွင်း​ ပြဒါး​၊​ ဆိုင်ယွန်နိုက်အပါအဝင် အက်ဆစ်တို့​အသုံး​ပြုပြီး​ ​ရေထဲစွန့်​ပစ်​နေတာ​ကြောင့်​ ​ရေ​နေ သတ္တဝါ​တွေပါ ​သေ​ကျေထိခိုက်​နေရတယ်လို့​ ဧရာဝတီမြစ်​ဘေး​ ​ကျေး​ရွာသား​တဦး​က ​ပြောပါတယ်။

“သူတို့​က စက်​လှေ​တွေနဲ့​လေ။ စက်​လှေ​ပေါ်မှာ ​ရွှေကျင်တဲ့​စက်တခါတည်း​ ပါပြီး​သား​။ ကုန်း​ကျင်း​လည်း​ လုပ်တယ်။ ​လှေ​ပေါ်က​နေ ပိုက်နဲ့​ ပက်ထုတ်လိုက်တယ်ဗျာ။ ပက်ထုတ်ပြီး​ အဲဒီ ဗြုံး​(​မြေစာ)ကို စက်​လှေ​ပေါ်ကို စုပ်တင်လိုက်တာ။ ကမ်း​ပါး​ယံ​တွေကို ​ရေနဲ့​ ပက်ထုတ်ပြီး​ ကျလာတဲ့​ ​မြေစာ​တွေကို တခါတည်း​ စက်​လှေ​ပေါ်စုပ်တင်လိုက်တာ။ စက်​လှေ​ပေါ်မှာ ​ရွှေကျင်တဲ့​ဟာက ပါပြီး​သား​။ ​ရွှေကျင်တဲ့​စက်​တွေက ​တော်​တော်​လေး​ ကြီး​တယ်။ ပြဒါး​သုံး​တယ်။ တချို့​ကျ​တော့​လည်း​ အက်ဆစ်​တွေ သုံး​တယ်။ ဆိုင်ယွန်နိုက်လည်း​ သုံး​တယ်။ အများ​အား​ဖြင့်​ ကုန်း​ပေါ်မှာ ချက်ကန်​တွေ လုပ်ထား​တာ ရှိတယ်။ ဧရာဝတီမြစ်ထဲ ဖြစ်သလို ဒီအတိုင်း​ပဲ ပစ်​နေတာ။ အာဏာပိုင် အဖွဲ့​အစည်း​က ပိုက်ဆံရရင် ပြီး​တာပဲ​လေ။ ကျ​နော်တို့​ရွာက ဧရာဝတီ ကမ်း​ဘေး​နား​မှာကို။ ဘာပဲဖြစ်ဖြစ် လင်း​ပိုင်​တွေ အခုဆိုရင် မ​တွေ့​တော့​ဘူး​။ ထူး​ခြား​မှု​တော့​ တခါတ​လေ၂ ပိဿာ ၃ ပိဿာ အရွယ် မြစ်ငါး​တွေ ​သေ​နေတာ အများ​ကြီး​ပဲ။”

မြစ်ကမ်း​ပါး​ယံ​တွေဖြိုချ​နေတာ​ကြောင့်​လည်း​ကောင်း​၊​ မြစ်လယ်​ခေါင်အတွင်း​ ​မြေစာ​တွေ စွန့်​ပစ်ရာမှ မြစ်လယ်​ခေါင် ​သောင်ခုံထွန်း​ပြီး​ ​ရေစီး​ကြောင်း​တွေ ​ပြောင်း​ကာ ကမ်း​ပါး​တွေ ​ရေတိုက်စား​တာ​ကြောင့်​လည်း​ကောင်း​၊​ မြစ်ကမ်း​တဖက်နဲ့​တဖက်အကျယ်ဟာ ယခင်က ၃ ဖာလုံ ၄ ဖာလုံရှိ​နေရာမှ အခုအခါ ၁ မိုင်​ကျော်အထိ ကျယ်ပြန့်​လာပြီး​ မြစ်လည်း​ တိမ်လာတယ်လို့​ ဗန်း​မော်​ဒေသခံက ​ပြောပါတယ်။

ဒါ့​အတွက် ​ရေ​ကြောင်း​သွား​လာ​ရေး​ပါ ထိခိုက်​နေပြီး​ ​ကျေး​ရွာ​တွေကို ​ရေတိုက်စား​ကာ မြစ်ကမ်း​ပါး​တွေ ပျက်စီး​နေတယ်လို့​ ဗန်း​မော်​ဒေသခံက အခုလို ​ပြောပါတယ်။

“​နွေရာသီဆိုရင် သ​င်္ဘောက ဗန်း​မော်ထိ လာလို့​မရ​တော့​ဘူး​။ ​ညောင်ပင်သာ ဆိုတာ ဗန်​မော်နဲ့​ ရမိုင်၊​ ဂမိုင်​ဝေး​တဲ့​ ​အောက်ထဲမှာ ကပ်ရတာ​လေ။ ​နောက်ထပ် တလ​ကျော်လို့​ရှိရင် ဗန်း​မော်ကို သ​င်္ဘောလာလို့​မရ​တော့​ဘူး​။ အဲလိုမျိုး​ ​ရွှေ​တွေ ကျင်တဲ့​အတွက်။ ​နောက်တခါ ဗန်း​မော်ရဲ့​ အထက် သဖန်း​ပင်ရွာမှာ ​ရွှေကို အိမ်ခြံ​မြေကွက်​တွေ၊​ တချို့​ဆို စိုက်ပျိုး​ရေး​လုပ်တဲ့​ဟာကို ကုမ္ပဏီက ဝယ်တာ​လေ။ ဝယ်​တော့​ ​ရွှေ​တွေကျင်တဲ့​အတွက် မြစ်က ဗျက်ပြဲကြီး​ဖြစ်သွား​တော့​တာ။ ကမ်း​မရှိ ​တော့​ဘူး​ပေါ့​ဗျာ။ မိုး​ရွာလို့​ရှိရင် ​ရေတိုး​လို့​ရှိရင် ​ရေ​တွေက ရွာ​တွေကို စီး​တာတို့​၊​ ​နောက်တခါ ​ရေတိုက်စား​တာတို့​။ ​ရေလယ်ကျွန်း​မှာရှိတဲ့​ မိုး​စိမ်း​ကျွန်း​ရွာဆိုရင် အိမ်​တွေ၊​ ကမ်း​ပါး​တွေ ပြိုကုန်ပြီ​လေ။ မြစ်အ​နောက်ဘက်ကမ်း​ဆိုလည်း​ ထီး​လင်း​တို့​၊​ နန့်​မလင်း​တို့​ဆိုလည်း​ ကမ်း​ပါး​တွေ တဝုန်း​ဝုန်း​နဲ့​ ​နေ​ရော ည​ရော ပြိုကျ​နေ​တော့​တာ။”

ဧရာဝတီမြစ်ဆုံ​ဒေသမှာလည်း​ အ​စောပိုင်း​ကာလ​တွေက ​ရွှေရှာ​ဖွေတာ​တွေ အကြီး​အကျယ် လုပ်​နေတာ​ကြောင့်​ သဘာပတ်ဝန်း​ကျင်ထိခိုက်လာတဲ့​အတွက် မကြာ​သေး​မီက ​ရွှေရှာတဲ့​လုပ်ငန်း​ကို အာဏာပိုင်​တွေက ပိတ်လိုက်တယ်ဆို​ပေမယ့်​ ဗန်း​မော်​ဒေသဘက်မှာ​တော့​ အခုအချိန်အထိ ​ရွှေရှာတဲ့​လုပ်ငန်း​တွေကို တား​ဆီး​တာ​တွေ မလုပ်နိုင်​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013