DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် မြိုတိုင်းရင်းသားတဦး သေနတ်ဖြင့်အပစ်ခံရ
DVB
·
October 15, 2016
မောင်တောတွင် မြိုတိုင်းရင်းသားတဦး သေနတ်ဖြင့်အပစ်ခံရ
1 / 2
Donate to DVB

မောင်တောမြို့နယ်တောင်ပိုင်း အထက်ကန်သာယာချောင်းဖျားမှာ နွားကျောင်းနေသူ မြိုတိုင်းရင်းသားတဦး သေနတ်ဖြင့် အပစ်ခံရလို့ မောင်တောမြို့ဆေးရုံကို အောက်တိုဘာ ၁၅ ရက်နေ့က ရောက်ရှိလာပါတယ်။

ကန်သာယာအထက် မြိုရွာက ရွာခန့်ကျောင်းဆရာ မောင်ရန်ဇု (၁၉) နှစ်နဲ့ အဖော် ခင်ထွေးတို့ဟာ ကန်သာယာချောင်းဖျားမှာ နွားကျောင်းရင်း ဝါးခုတ်နေချိန် မနက် ၁၀ နာရီခန့်မှာ ရုတ်တရက်အပစ်ခံရပြီး မောင်ရန်ဇုရဲ့ ဝမ်းဗိုက်ဘယ်ဘက်မှာ ကျည်ဆန်ထိမှန်ခဲ့တာလို့ အစ်ကိုဖြစ်သူ မောင်မောင်ဖြူက ပြောပါတယ်။

ဘယ်သူ ပစ်ခတ်တယ်ဆိုတာ မသိရဘဲ အဲဒီပတ်ဝန်းကျင်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က စစ်ကြောင်းတွေ သွားလာနေတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးဘရှိန်က “ပထမဆုံး တောင်ပိုင်းမှာ ဘဂါင်္လီပစ်တာပဲ။ ကျောင်းဆရာ၊ ဘယ်ဘက်ဝမ်းဗိုက်မှာ ကျည်ဆန်ထိတယ်၊ ဒူးခေါင်း ဘယ်ဘက်မှာထိတယ်။ အခု သူ့ကို မောင်တောဆေးရုံမှာ ခွဲစိတ်ကုသနေတယ်။ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်”လို့ ပြောပါတယ်။

14718703_743483469139316_4671469080276171844_nအခု ပစ်ခတ်ခံရတဲ့နေရာဟာ မေယုတောင်ခြေမှာ ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာက မောင်တောမြောက်ပိုင်းမှာ ဖြစ်ပါတယ်။

သတင်း ဓာတ်ပုံ- ကိုအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013