A d v e r t i s e m e n t With Us

ပခုက္ကူ ​ရေ​ဘေး​ဒုက္ခသည်များ​ အကူအညီ လိုအပ်

ပခုက္ကူခရိုင် ​ပေါက်မြို့​နယ်အတွင်း​ ​ရေ​ဘေး​သင့်​ခဲ့​တဲ့​ ရွာ​ပေါင်း​ ၄၅ ရွာက ပြည်သူ ၁၄၀၀ ​ကျော်ဟာ စား​ဝတ်​နေ​ရေး​နဲ့​ အ​ခြေခံလိုအပ်ချက်​တွေ အ​မြောက်အမြား​ ရှိ​နေဆဲလို့​ သိရပါတယ်။ ပေါက်မြို့​နယ်အတွင်း​က ​ယော​ချောင်း​ရေတက်လို့​ ဆယ်ရက်​ကျော် ​ရေ​ဘေး​သင့်​နေတဲ့​ ​ရေပြာ၊​ ကျွန်း​အင်း​၊​ တွင်း​၊​ ​ချောင်း​နား​၊​ တပ်ကုန်း​၊​ လက်ပံလှ၊​ အုန်း​တော စတဲ့​ ​ကျေး​ရွာ​တွေက ရွာသား​တွေ အကူအညီလိုအပ်​နေကြတယ်လို့​ ကူညီကယ်ဆယ်​ရေး​လုပ်​နေတဲ့​ နာ​ရေး​ကူညီမှုအသင်း​ ရန်ကုန်က ကို​အောင်စိုး​က ​ပြောပါတယ်။ “​လော​လောဆယ်မှာ​တော့​ သူတို့​က စား​ဖို့​သောက်ဖို့​က အဓိကဖြစ်​နေတယ်။ ကျ​နော်တို့​ သွား​မေး​တဲ့​အချိန်မှာပဲ တပတ်​လောက်ပြီး​သွား​ရင် သူတို့​က ဘာစား​ရမလဲတဲ့​။ တပတ်​လောက်ပြီး​သွား​တဲ့​ အချိန်မှာ ဆန်​ရေစပါး​က ပြတ်သွား​မယ်။ ဆန်​ရေစပါး​သာရှိရင် စား​လို့​ရတယ်တဲ့​။ အိုး​ခွက်ပန်း​ကန်​တွေ ပါလိုတယ်။ ​စောင်လိုတယ်။ ခြင်ကလည်း​ကိုက်တယ်။ ချမ်း​လည်း​ချမ်း​တယ်။” သူတို့​အဖွဲ့​ဟာ ​ရေ​ဘေး​ဒုက္ခသည်​တွေကူညီဖို့​ ​ပေါက်မြို့​နယ်ထဲကို ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာလ ၂၆ ရက်​နေ့​ကတည်း​က ​ရောက်ရှိ​နေကြပြီး​ ဆန်၊​ ဆီ၊​ ဆား​ နဲ့​ အိုး​ခွက်ပန်း​ကန် စတဲ့​အ​ခြေံစား​ကုန်​တွေကို လှူဒါန်း​နေကြတာဖြစ်ပါတယ်။ စက်​လှေသုံး​စီး​နဲ့​ သွား​ရေး​လာ​ရေး​ခက်ခဲတဲ့​နေရာ​တွေ၊​ တခြား​အလှူရှင်​တွေ အ​ရောက်အ​ပေါက်နည်း​တဲ့​ ရွာ​တွေကို လိုက်လံကူညီ​နေတယ်လို့​ ဆိုပါတယ်။ ဒါ​ပေမယ့်​ ​ရေဆန်ခရီး​ကြမ်း​နဲ့​ စက်​လှေ​ချောဆွဲခံရ တာ​ကြောင့်​ လမ်း​ခရီး​ကြန့်​ကြာမှု​တွေရှိခဲ့​ပြီး​ ကူညီ​ရေး​အဖွဲ့​တွေ အဆင်​ပြေဖို့​ သက်ဆိုင်ရာက ပံ့​ပိုး​ကူညီ​ပေး​ ဖို့​ ကို​အောင်စိုး​က ​ပြောပါတယ်။ “ကယ်ဆယ်​ရေး​ လုပ်တဲ့​အချိန်မှာ အကုန်လုံး​တော့​ မနိုင်ဘူး​လေ။ ဒါ​တော့​ လက်ရှိအစိုး​ရအ​ပေါ်မှာ ကယ်ဆယ်​ရေး​အဖွဲ့​တွေကို နည်း​နည်း​ကူညီ​ပေး​စေချင်တယ်။ လမ်း​ပန်း​ဆက်သွယ်​ရေး​က ကား​နဲ့​သွား​လို့​လည်း​မရဘူး​။ စက်​လှေကို အဓိကထား​ သွား​တဲ့​အချိန်မှာ စက်​လှေကိုလုပ်အား​ပေး​ ​ခေါ်သွား​တာတို့​၊​ လူ​တွေကို လုပ်အား​ပေး​ခေါ်သွား​တာတို့​ ကျ​နော်တို့​အတွက် နည်း​နည်း​လေး​အခက်အခဲ ဖြစ်​နေတယ်။ ခက်ခက်ခဲခဲ နွား​လှည်း​တွေနဲ့​ သယ်ရတာရှိတယ်။ လူ​တွေထမ်း​သယ်ရတာ ရှိတယ်။ အဲဒါ​လေး​တော့​ အဆင်​ပြေချင်တယ်။” ရေ​ဘေး​အလှူမှာ အကူ​ငွေ​ပေါင်း​ကျပ်သိန်း​နှစ်ရာ မတည်ပြီး​ ကူညီသွား​မှာဖြစ်ပြီး​ ပျက်စီး​ဆုံး​ရှုံး​မှုများ​တဲ့​အတွက် ဝိုင်း​ဝန်း​ကူညီကြဖို့​ နာ​ရေး​ကူညီမှုအသင်း​ (ရန်ကုန်) က အလုပ်အမှု​ဆောင် ​ဒေါ်​ရွေဇီး​ကွက်က ကယ်ဆယ်​ရေး​အဖွဲ့​တွေကို ခုလို တိုက်တွန်း​ပါတယ်။ “ကျမတို့​လူမျိုး​က နဂိုကတည်း​က ဆင်း​ရဲ​နေကြတယ်။ အခုလို ဒုက္ခ​ရောက်​တော့​ ပိုပြီး​ဒုက္ခ​ရောက်ကြတယ်။ အဲ​တော့​ တတ်နိုင်သမျှ ဝိုင်း​ဝန်း​ပြီး​တော့​ ပံ့​ပိုး​ပေး​ကြပါ။ အဖွဲ့​အစည်း​ကပဲကဖြစ်ဖြစ်၊​ အဲဒါ​လေး​ပဲ ​ပြောချင်ပါတယ်။” မြန်မာနိုင်ငံ မ​ကွေး​တိုင်း​ဒေသကြီး​ထဲမှာ ​အောက်တိုဘာလ ၁၉ ရက် နဲ့​ ၂၀ ရက်​လောက်ကစပြီး​တော့​ မိုး​သည်း​ထန်တဲ့​အတွက် ​ယော၊​ ​ဆော၊​ ယမား​၊​ မြိုင် ၊​ ​ရွှေ စတဲ့​ချောင်း​ရေလျှံလာပြီး​ ပခုက္ကူခရိုင်၊​ ပခုက္ကူမြို့​၊​ ​ပေါက်၊​ ဆိပ်ဖြူ စတဲ့​မြို့​နယ်ထဲမှာ ​ရေ​တွေလွှမ်း​ခဲ့​ပြီး​ လူ​ပေါင်း​ ၂၀၀ ​ကျော် ​သေဆုံး​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up