DVB Logo
Home
မြန်မာသတင်း
အများထင်သကဲ့သို့ မှုခင်းဖြစ်ပွားနှုန်း မတိုးဟု ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
October 15, 2016
အများထင်သကဲ့သို့ မှုခင်းဖြစ်ပွားနှုန်း မတိုးဟု ရဲတပ်ဖွဲ့ထုတ်ပြန်
Donate to DVB

မှုခင်းတွေ တိုးတက်ဖြစ်ပွားနေတယ်လို့ ထင်မြင်နေကြပေမယ့် ထူးထူးခြားခြား ဖြစ်ပွားတာ မရှိဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်းမီဒီယာတွေ လွတ်လပ်ပွင့်လင်းလာတာ၊ ဖုန်းတွေ၊ လူမှုကွန်ရက်တွေ ပိုသုံးစွဲလာပြီး မှုခင်းတွေကို မြန်မြန်သိလာကြရတာကြောင့် တိုးလာတယ်လို့ ထင်ရတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှုခင်းဖြစ်ပွားတဲ့ အခြေအနေတွေကို နှစ်အလိုက် စိစစ်ရာမှာတော့ လူဦးရေ တိုးလာပေမယ့် မှုခင်းတွေ ထူးထူးခြားခြား တိုးတက်မလာဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စာရင်းတွေ ထုတ်ပြန်ရာမှာ ၂၀၁၁ ခုနှစ်မှာ အမှုကြီး ၂၂၉၀၊ ၂၀၁၂ ခုနှစ်မှာ ၂၃၁၈ မှု၊ ၂၀၁၃ ခုနှစ်မှာ ၂၃၂၇ မှု၊ ၂၀၁၄ ခုနှစ်မှာ ၂၃၆၅ မှု၊ ၂၀၁၅ ခုနှစ်မှာ ၂၂၉၇ မှုနဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ၂၀၁၈ မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လူဦးရေ ၁ သိန်းမှာ ဖြစ်ပွားနှုန်းကတော့ ၄ ဒသမ ၅၄ ကနေ ၄ ဒသမ ၃၇ အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013