Home
မြန်မာသတင်း
ထိုင်းဘုရင်ကွယ်လွန်သဖြင့် ၀မ်းနည်းကြောင်း သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပို့
DVB
·
October 15, 2016
6214243_thai_king_bhumibol_adulyadej_waves_to_wethai_king_bhumibol_adulyadej_waves_to_well-wishers_a-large_transeo_i_u9apj8ruoebjoaht0k9u7hhrjvuo-zlengruma
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ရှ် ကွယ်လွန်သွားတဲ့အတွက် ထိုင်းနိုင်ငံတော်ဝင်မိသားစု၊ အစိုးရနဲ့ ထိုင်းပြည်သူပြည်သားတွေအတွက် ထပ်တူဝမ်းနည်းကြောင်း သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က  ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွမ်းထံသို့လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးထံသို့ လည်းကောင်း၊ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့တယ်လို့ ဖော်ပြပါတယ်။ ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒေ့ခ်ျ သက်တော် ၈၈ နှစ်ဟာ အောက်တိုဘာ ၁၃ရက် ညနေ ၃ နာ၇ီ ၅၂ မိနစ်က နတ်ရွာစံကွယ်လွန်သွားပြီလို့ ဘုရင့်နန်းတော်က အတည်ပြုသတင်း ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024