DVB Logo
Home
အနုပညာ
လွတ်လပ်ခြင်း​အနုပညာရုပ်ရှင်ပွဲ​တော်အတွက် သတင်း​စာရှင်း​လင်း​ပွဲလုပ်
DVB
·
October 31, 2011
လွတ်လပ်ခြင်း​အနုပညာရုပ်ရှင်ပွဲ​တော်အတွက် သတင်း​စာရှင်း​လင်း​ပွဲလုပ်
Donate to DVB

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် သတင်း​စာရှင်း​လင်း​ပွဲကို အင်လျား​လမ်း​နဲ့​ ဓမ္မ​စေတီလမ်း​ထောင့်​ရှိ Relax စား​သောက်ဆိုင်မှာ ဒီက​နေ့​ ကျင်း​ပပါတယ်။

ပွဲကြီး​ကြပ်​ရေး​ကော်မတီဝင် လူရွှင်​တော် ဇာဂနာက “ကျ​နော်က ရုပ်ရှင်ပွဲ​တော်နဲ့​ပတ်သက်ပြီး​ ရှင်း​ပြတယ်။ နည်း​ပညာပိုင်း​နဲ့​ပတ်သက်ပြီး​တော့​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​က ရှင်း​ပြတယ်။ အဓိက​တော့​ ကျ​နော်တို့​ ပွဲ​တော်ဘာ​ကြောင့်​ ကျင်း​ပတယ်ဆိုတဲ့​အခါမှာ အနုပညာသည်​တွေဟာ လွတ်လပ်မှု အ​ရေး​ကြီး​တယ်၊​ လွတ်လပ်ခွင့်​ကို အနုပညာသည်​တွေအတွက် အနုပညာဖန်တီး​တဲ့​ အခါမှာ အလွန်မှတန်ဖိုး​ရှိတဲ့​အရာဟာ လွတ်လပ်ခွင့်​ ဖြစ်ပါတယ် ဆိုတဲ့​အရာကို ​ပေါ်လွင်​စေချင်တဲ့​ အ​ကြောင်း​အရာကိုပဲ ကျ​နော်ရှင်း​ပြပါတယ်” လို့​ ​ပြောပါတယ်။

[caption id="attachment_17205" align="alignright" width="310" caption="ကိုဇာဂနာ"][/caption]

ပွဲကြီး​ကြပ်​ရေး​ကော်မတီမှာ အဓိကပါဝင်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အ​ကြောင်း​ကြောင်း​ကြောင့်​ သတင်း​စာရှင်း​လင်း​ပွဲကို မတက်​ရောက်နိုင်တဲ့​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အမှာစကား​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှ နိုင်ငံ​ရေး​ အကျဉ်း​သူ​ဟောင်း​ နီမိုလှိုင်က ကိုယ်စား​တက်​ရောက် ​ပြောကြား​ပေး​တယ်လို့​ ဆိုပါတယ်။

လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပြိုင်ပွဲက​နေ လမ်း​ကြောင်း​သစ်တခု ပွင့်​လာနိုင်ဖို့​ ​မျှော်လင့်​ကြောင်း​လည်း​ ကိုဇာဂနာက ​ပြောပါတယ်။

“ကျ​နော်တို့​က လွတ်လပ်မှုဆိုတဲ့​ အနုပညာကို ​ဖော်ပြတာဖြစ်တဲ့​အတွက် လွတ်လပ်မှုသည်သာ အ​ရေး​ကြီး​ပါတယ်။ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီး​တယ်ဆိုတဲ့​ အ​တွေး​အ​ခေါ်ကိုသာ ကျ​နော်တို့​အဓိက ထား​ပါတယ်။ အနုပညာဖန်တီး​မှုမှာ လွတ်လပ်မှုဟာ အ​ရေး​ကြီး​ပါတယ်။ လွတ်လွတ်လပ်လပ်​ပြော၊​ လွတ်လွတ်လပ်လပ်ဖန်တီး​၊​ လွတ်လွတ်လပ်လပ်ကြည့်​ရှု... ဆိုတဲ့​အဆင့်​ကို ဒီပြိုင်ပွဲက​နေ ၁၀၀ ရာခိုင်နှုန်း​ လမ်း​ကြောင်း​ အသစ်တခု ဖွင့်​ပေး​နိုင်လိမ့်​မယ်လို့​ ယုံကြည်ပါတယ်။”

စာနယ်ဇင်း​သမား​တွေ၊​ ရုပ်ရှင်ဝါသနာပါသူ လူငယ်​တွေ၊​ ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူး​လိုတဲ့​ လူငယ်အဖွဲ့​တွေနဲ့​ နိုင်ငံခြား​သား​ သံတမန်​တွေ အပါအဝင် လူဦး​ရေ ၃၅၀ ​လောက် တက်​ရောက်ခဲ့​တယ်လို့​ လူရွှင်​တော်ဇာဂနာက ​ပြောပါတယ်။

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် ပြိုင်ပွဲက​နေ ချီး​မြှင့်​မယ့်​ ဆုအမျိုး​အစား​တို့​မှာ အ​ကောင်း​ဆုံး​ Documentary Film ဆု၊​ အ​ကောင်း​ဆုံး​ short film ဆုအပါအဝင် ပြိုင်ပွဲဝင် ရုပ်ရှင်အ​ရေအတွက်​ပေါ် မူတည်၍ ဒုတိယနဲ့​ တတိယဆုတို့​ကိုလည်း​ ချီး​မြှင့်​သွား​မှာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်​ရေး​နေ့​) မှာ ဆု​ပေး​ပွဲအခမ်း​အနား​ကျင်း​ပမှာဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင် ချီး​မြှင့်​မှာပါ။ ဆုအ​နေနဲ့​ ဆုတံဆိပ်၊​ ဂုဏ်ပြုလက်မှတ်နဲ့​ ​ငွေ​ကြေး​တို့​ ဖြစ်တယ်လို့​ သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013