DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနှင့်​အစိုး​ရတပ် တလအတွင်း​ တိုက်ပွဲ​ပေါင်း​ ၁၆၀ ​ကျော်ဖြစ်ပွား
DVB
·
October 31, 2011
ကေအိုင်​အေနှင့်​အစိုး​ရတပ် တလအတွင်း​ တိုက်ပွဲ​ပေါင်း​ ၁၆၀ ​ကျော်ဖြစ်ပွား
Donate to DVB

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)နဲ့​ မြန်မာအစိုး​ရ စစ်တပ်တို့​ တိုက်ပွဲ​တွေ ဆက်ဖြစ်​နေပြီး​ ​အောက်တိုဘာလအတွင်း​ တိုက်ပွဲ​ပေါင်း​ အနည်း​ဆုံး​ အကြိမ် ၁၆၀ ​ကျော် ဖြစ်ပွား​ခဲ့​ပါတယ်။

စက်တင်ဘာ - နိုဝင်ဘာ ၂ လအတွင်း​ တိုက်ပွဲဖြစ်ပွား​မှု အ​ခြေအ​နေကို ​ကေအိုင်အို(ကချင်လွတ်လပ်​ရေး​အဖွဲ) ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​လနန်း​က ခုလို ​ပြောပြပါတယ်။

“စက်တင်ဘာလ တလထဲကိုမှ ၈၆ ကြိမ်ဖြစ်တယ်။ ​အောက်တိုဘာလထဲမှာ ၁၆၀ ဆို​တော့​ အဲဒီမှာကို ၂၀၀ ​ကျော်သွား​ပြီ။ ဇွန်၊​ ဇူလိုင်၊​ ဩဂုတ်လ​တွေမှာ တိုက်ပွဲ​ပေါင်း​ ရာချီရှိမယ်လို့​ ခန့်​မှန်း​လို့​ရတယ်။ ဒါ​ပေမယ့်​ အလှမ်း​ဝေး​တဲ့​နေရာ​ဒေသ ​ရှေ့​တန်း​နေရာတချို့​က​နေ အချိန်မီ​ပေး​ပို့​နိုင်တာမျိုး​ မရှိတဲ့​အတွက်​ကြောင့်​ ဒီတိုက်ပွဲအ​ရေအတွက်က​တော့​ အနည်း​ဆုံး​ဖြစ်ပါလိမ့်​မယ်။ ဒီထက်များ​ပါတယ်။”

ဒီတိုက်ပွဲ​တွေအတွင်း​ ​ကေအိုင်​အေ ဘက်က ထိခိုက်မှုနည်း​ပြီး​ အစိုး​ရတပ်ဘက်က ထိခိုက်မှုများ​ကြောင်း​၊​ ဒါ​ပေမယ့်​ စာရင်း​အတိအကျ မရနိုင်​ကြောင်း​လည်း​ ဦး​လနန်း​က ရှင်း​ပြပါတယ်။

“ဟိုဘက်ဒီဘက် ဘယ်​လောက်ထိ အကျအဆုံး​ရှိတယ်ဆိုတာ သိပ်မ​ပြောချင်ဘူး​။ ဒါ​ပေမယ့်​ ​သေချာတာ​တော့​ ပြီး​ခဲ့​တဲ့​အချိန်မှာ သူတို့​အထိအခိုက်များ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ရှေ့​တန်း​မှာတက်လာတဲ့​ သူတို့​ရဲ​ဘော်​တွေက က​လေး​စစ်သား​တွေ ​တော်​တော်များ​များ​ ​ရောပါလာတယ်။ နယ်​မြေအရ ကျွမ်း​ကျင်မှုမရှိဘူး​။ စိတ်ဓာတ်​ရေး​ရာကလည်း​ အမိန့်​အရပဲ လုပ်​ဆောင်ရတဲ့​ကိစ္စဖြစ်​နေ​တော့​ အဲဒီမှာ အထိအခိုက်များ​တယ်။”

မြန်မာအစိုး​ရဘက်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု ​လော​လောဆယ်မှာ မရှိ​သေး​ဘူး​လို့​လည်း​ ဆိုပါတယ်။

အစိုး​ရဘက်က ကိုယ်စား​လှယ်​တွေနဲ့​ ပြီး​ခဲ့​တဲ့​ ဇွန်လမှာ တကြိမ်၊​ ဩဂုတ်လမှာ တကြိမ် ​တွေ့​ဆုံခဲ့​ရာမှာ​တော့​ ဘာအ​ဖြေရလဒ်မှ ထွက်​ပေါ်မလာခဲ့​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ကေအိုင်အို - ​ကေအိုင်​အေဟာ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) အဖွဲ့​ဝင်ဖြစ်ပြီး​ အစိုး​ရဘက်နဲ့​ ​ဆွေး​နွေး​ရာမှာ ရပ်တည်တဲ့​ သ​ဘောထား​ကိုလည်း​ ဦး​လနန်း​က ရှင်း​ပြသွား​ပါတယ်။

“သူတို့​ဘက်ကသာ ​တွေ့​ဖို့​လာမယ်ဆိုရင်​တော့​ ကျ​နော်တို့​က ​တွေ့​ဖို့​အဆင်သင့်​ပါ။ ဒါ​ပေမယ့်​ ​တွေ့​ဆုံတဲ့​အခါမှာလည်း​ ယူအန်အက်ဖ်စီရဲ့​ သ​ဘောထား​အတိုင်း​ပဲ။ ​တွေ့​တဲ့​အခါမှာ ကျ​နော်တို့​ရဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေ သ​ဘောထား​ကို ​ပြောပြဖို့​ပဲရှိတယ်။ ရှင်း​ပြဖို့​ပဲ ရှိတယ်။ ဒါ​ပေမယ့်​ အ​ရေး​ကြီး​တဲ့​ ဆုံး​ဖြတ်ချက်​တွေ ချမှတ်​တော့​မယ်ဆိုရင်​တော့​ ယူအန်အက်ဖ်စီက​နေ တဆင့်​ပဲ လုပ်ရမယ့်​ကိစ္စ​တွေပါ။ ယူအန်အက်ဖ်စီမှာ သ​ဘောတူညီချက် ရယူပြီး​မှပဲ ဆက်လုပ်နိုင်မယ်ခင်ဗျ။”

ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​တုန်း​က ​ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့​ မြစ်ကြီး​နား​မြို့​အကြား​ ဝိုင်း​မော်မြို့​နယ်၊​ ဂါး​ဒါယန်​ကျေး​ရွာက ​ကေအိုင်​အေတပ်ကို အစိုး​ရစစ်တပ်ဘက်က အ​မြောက်​တွေနဲ့​ ပစ်ခတ်ရာမှာ ဓာတု​ဗေဒလက်နက် ပါဝင်တယ်ဆိုတဲ့​ ကိစ္စနဲ့​ ပတ်သက်လို့​တော့​ ​ကေအိုင်အိုက စုံစမ်း​ဖော်ထုတ်ဖို့​ ကြိုး​စား​နေတုန်း​ပဲလို့​လည်း​ သိရပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲထား​ခဲ့​မှု ပြီး​ခဲ့​တဲ့​ဇွန်လမှာ ပျက်ပြား​ခဲ့​ပြီး​နောက် တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး​ တနင်္ဂ​နွေ​နေ့​ကလည်း​ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013